Main menu

Background

(၁၇-၁၂-၂၀၂၁) မှ (၂၃-၁၂-၂၀၂၁) အထိ ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Thu, 12/23/2021 - 15:28 -- journal_editor

         ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၃ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၉၆၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ၁၈၀၇၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရပါသည်။         

        ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းကို တစ်ဒေါ်လာလျှင် ၁၇၇၈ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

           ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

            ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၈၀ ကျပ်ရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၇၈ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၀.၁၁ %  ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

       ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကိုလေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၉၀ ကျပ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၉၀ ကျပ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ လျှင် ၁၈၉၅ ကျပ်နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။