Main menu

Background

ဒေသတွင်း လက်လီသမားဖြင့်သာ ပြည်ပဲလွန်းဖြူ ဈေးအေးအရောင်းအဝယ်အေး

Tue, 10/14/2014 - 14:19 -- ydnar

ပြည်ပဲဈေးကွက်မှာ အခြားတိုင်းသို့တင်ပို့မှုမရှိပေမယ့် ဒေသတွင်းသာလက်လီသမားများဖြင့်ပုံမှန်အရောင်းအဝယ် ဖြစ်နေ တဲ့ ပဲထဲမှာ ပဲလွန်းဖြူသီးနှံလည်း ပါဝင်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာတော့ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ဈေးငြိမ်ငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ပဲတစ်တင်းကို ၁၆၅၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်မှစ၍၎င်းဈေးအတိုင်း

သာတစ်ရက်အိတ် ၁၅ အိတ်မှအိတ် ၂၀ ကျော် လက်လီသမားများနေ့စဉ်အဝယ်ရှိခဲ့ပါတယ်။ ယခင်နှစ်က ပဲလွန်းဖြူ ဈေး မှာအောက်တိုဘာပထမပတ်တွင်တစ်တင်း ၁၉၀၀၀ ကျပ်ထိ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ၁၆၅၀၀ ကျပ် သာရရှိခဲ့တဲ့အတွက် ပဲလွန်းဖြူဈေးနှုန်းလည်း ကုလားပဲသီးနှံကဲ့သို့ပင် ယခင်နှစ်ဈေးကိုမမီဘဲ ဈေးအေးခဲ့တယ်လို့ သိရပါ တယ်။