Main menu

Background

MBA Program ကို ကျောင်းသား လူငယ်များပါစိတ်ဝင်စားမှုများလာ

Mon, 03/01/2010 - 09:49 -- Anonymous (not verified)

    ယခုခေတ်စီးပွားရေးနှင့် အုပ်ချုပ်မှုနယ်ပယ်တွင် MBA ဘွဲ့မှာ ထင်ရှားစွာရပ်တည်လျက်ရှိပြီး၊ ယခင်က MBA Program ကို လူလတ်ပိုင်းများနှင့် အထက်ပိုင်းများသာ စိတ်ဝင်စားခဲ့သော်လည်း ယခုအခါတွင် ကျောင်းသားလူငယ်များပါ စိတ်ဝင်စားမှုများ လာကြောင်း Myanmar Search International (MSI) မှမန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောကြားသည်။    ဒီ MBA ရဲ့ အသုံးချနိုင်မှုစွမ်းအားက စီးပွားရေးနယ်ပယ်သာမကဘဲ အင်ဂျင်နီယာ ၊ဆေး၊ အိုင်တီနဲ့ ဘဏ်လုပ်ငန်း၊ အခြားစီးပွား ရေးနယ်ပယ်တွေပါ မရှိမဖြစ်ထိရောက်စွာ အကျိုးသက်ရောက်မှုရှိပါတယ်။ MBA Program ကိုတက်ရောက်တဲ့ ကျောင်းသားက မိမိကိုယ်တိုင် လုပ်ငန်းခွင်အတွေ့အကြုံ နှစ်အနည်းငယ် ရရှိထားမယ်ဆိုရင် မိမိကြုံတွေ့ခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို MBA ဘွဲ့လွန်မှာ လက်တွေ့အကျုံးဝင်အသုံးပြုနိုင်ပါတယ်။ MBAဘွဲ့လွန်ကို သင်ယူပြီး လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း သင်ယူ ခဲ့တဲ့အကြောင်းအရာတွေကို လက်တွေ့အသုံးချနိုင်ပါတယ်။ ဒီ MBA Program ကနိုင်ငံရပ်ခြား သာမကဘဲ မြန်မာနိုင်ငံရှိ အစိုးရ ပိုင်းနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူသူတွေ ကိုယ်တိုင်စိတ်ဝင်စား လေ့လာသင်ယူလာကြတယ်လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။    မြန်မာနိုင်ငံမှ ဘွဲ့လွန်ရယူလိုတဲ့ ကျောင်းသားများအတွက် အမေရိကန်နိုင်ငံ စိန့်လူးဝစ်က တိုက်ရိုက်ချီးမြှင့်တဲ့ ကျောင်းခွဲတစ်ခု ဖြစ်သည်။ Webster University, Thailand Campus,  သြစတြေးလျနိုင်ငံရှိ University of New Castle မှ တိုက်ရိုက် ချီးမြှင့်သည့် Psb Academy, Singapore Campus, Curtin University  နှင့်ယူကေရှိ University of Wales မှ တိုက်ရိုက်ချီးမြှင့်သော Informatics, Singapore, Singapore Campus  တို့နှင့်ချိတ်ဆက် ပေးထားပြီး၊ MBA နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Myanmar Search International (MSI) ဖုန်း-၂၅၀၉၂၉၊ ၃၈၉၉၁၅၊ ၀၉၅၁၀၃၉၁၅ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်