Main menu

Background

New Zero Art Space တွင် ကျင်းပမည့် 3 x 5 Art Exhibition

Wed, 02/17/2010 - 14:13 -- Anonymous (not verified)

   ပန်းချီဆရာ ထူးအောင်ကျော်၊ ပန်းချီဆရာမ အိနဲ့ ဇွန်ပွင့်သူတို့သုံးဦးရဲ့ 3 x 5 Art Exhibition ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိNew Zero Art Spaceမှာ ကျင်းပမှာဖြစ်ပါတယ်။   အထက်ပါပန်းချီဆရာ၊ ဆရာမ တွေဟာ အုပ်စုလိုက် ပြပွဲတွေ၊ တစ်ဦးချင်းပြပွဲတွေ မကြာခဏပြသခဲ့ကြောင်းသိရပါတယ်။ ယခုပြပွဲ မှာလည်း ဆန်းသစ်တဲ့ အတွေးအမြင် တွေနဲ့ ခံစား ရေးဆွဲထားတဲ့ ပန်းချီ တွေကို ပြသမယ်လို့ သိရပါတယ်။   ဆန်းသစ်တဲ့ ပန်းချီလက်ရာတွေကို ကြည့်ချင်ရင် အမှတ် ၅၄ (၁-E) ပထမထပ် ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်ရှိ New Zero Art Space မှာ ကြည့်ရှုနိုင်ပါတယ်။