( ၄ ) ကြိမ်မြောက် ကိုကိုးကျွန်း အပန်းဖြေခရီးစဉ်အတွက် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းမှ သံလွင်သင်္ဘောကြီးဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။ ကိုကိုးကျွန်း အပန်းဖြေခရီးစဉ်အဖြစ် မတ်လ ၂၈ ရက်နေတွင် ရန်ကုန်မြို့ သာကေတ ဆိပ်ခံတံတားမှထွက်ခွာပြီး၊ မတ်လ ၂၉ ရက်နေ့တွင် ကိုကိုးကျွန်းသို့ရောက်ရှိ၍၊ ကျွန်းပေါ်တွင် ၂ ညအိပ် တည်းခိုကာ အပန်းဖြေလေ့လာနိုင်မည်ဖြစ်သည်။ ထိုခရီးစဉ်တွင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းနှင့် ပညာရှင်များအဖွဲ့သည် ကိုကိုးကျွန်းရေအောက်ကမ္ဘာရှိ သန္တာကျောက်တန်းများနှင့် ရေနေသတ္တဝါများအားအထူးလေ့လာ၍၊ ဗွီဒီယိုရိုက်ကူး မှတ်တမ်းတင်ရန် စီစဉ်ဆောင်ရွက် မည်ဟုဆိုသည်။ ယင်းခရီးစဉ်အတွက် လက်မှတ်နှုန်းထားများမှာ ၂ ယောက်အိပ်ခန်း၊ ပထမတန်းအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်၊ ၄ ယောက် အိပ်ခန်း ဒုတိယတန်းအတွက်တစ်ဦးလျှင် လေးသောင်း ကျပ်၊ ရိုးရိုးတန်းတစ်ဦးလျှင် သုံးသောင်းခွဲကျပ်တို့ဖြစ်ပြီး၊ လိုက်ပါလိုသူများအနေဖြင့် သိမ်ဖြူလမ်းရှိ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းနှင့် ရှုခင်းသာလမ်းရှိ သာကေတ ဆိပ်ခံတံတား ခရီးသည်ဆောင်တို့တွင် မတ်လ ၈ ရက်မှစ၍ လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ သံလွင်သင်္ဘောကြီးကို တရုတ်နိုင်ငံတွင် ၁၉၉၉ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး၊ ခရီးသည် ၄၄ဝ လိုက်ပါနိုင်ကာ အခန်းများ တွင် လေအေးပေးစက်တပ်ဆင်ထားခြင်း၊ နိုင်ငံတကာ သင်္ဘောလောကတွင်ထင်ရှားသည့် Lioyds Register အဖွဲ့အစည်းဝင် ဖြစ်ခြင်းကြောင့်လုံခြုံစိတ်ချစွာ လိုက်ပါနိုင်ကြောင်းသိရသည်။
Background
