Main menu

Background

နယ်စပ်မှယခုအပတ်နှမ်းတန် ၁၃၀ ကျော် ယခင်အပတ်ကထက် အပို့ ပို

Sun, 04/08/2012 - 10:54 -- Anonymous (not verified)

    မတ်လ ၂၈ ရက် မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၀၂ သန်းတန်ဖိုးရှိ နှမ်းနက် ၃၉၇ တန်ကျော်၊ နှမ်းဖြူ ၃၇၈ တန်နဲ့ နှမ်းဖြူအခွံချွတ် ၂၄ တန်ကို  တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၃ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။မတ်လအတွင်းမှာ နှမ်း ၃၄၂၃ တန်ကျော်တင်ပို့ထားပြီး၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ နှမ်း တန် ၈၃၆၀၀ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။ နှမ်းမြေပြင်ဈေးများကတော့ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘဲ နှမ်းဖြူတစ်တန် မိမိဘက်ဈေးမှာ ၉၇၀၅၇၁ ကျပ်၊ နှမ်းနက်တစ်တန် ၉၃၁၇၆၀ ကျပ်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ဈေးမှာ နှမ်းဖြူတစ်တန် ဒေါ်လာ ၁၂၇၀ နဲ့ နှမ်းနက် ၁၃၄၉ ဒေါ်လာ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။MIRT (DOBT)