Main menu

Background

မရင့်မှည့်သရက်သီးများ ဈေးကွက်အတွင်းဝင်လို့ ဈေးနိမ့်

Mon, 05/14/2012 - 06:58 -- Anonymous (not verified)

မန္တလေး  သစ်သီးဈေးကွက်ကို မရင့်မှည့်တဲ့သရက်သီးများ ဝင်နေခြင်း ကြောင့် အနိမ့်ဆုံးဈေးသာ ရှိကြောင်း သိရပါတယ်။ငွေကံ့ကော်သစ်သီးပွဲရုံမှ ဦးကိုကို ထွေးက "တောင်သူတွေကို သရက်သီး အကြောမပြတ်ဘဲ  မခူးဖို့ ပြောပေမယ့် လည်း အမြင်မကျယ်တော့ ပြောလို့မရ ဘူး။ လေပါရင်လည်း ဆုံးရှုံးရမှာဆိုးလို့ အစောကြီးခူးကြတယ်။  မရင့်မှည့်ဘဲ စောစောခူးတော့ အသီးလည်း မလှ ဘူး။ ဒီချိန်မှာ  အသီးအဝင်များနေလို့ နောက်ပိုင်းရင့်မှည့်ချိန်မှာ အသီးနည်းပြီး ဈေးကောင်းရနိုင်တယ်။  ခုဝင်နေတဲ့ အသီးတွေက ဟံမြင့်မိုရ်၊ ကူမဲ၊ မြစ်သား ဘက်ကဝင်နေတာ မန္တလေးဈေးကွက် ကို တစ်ရက် တန်ချိန် ၁၀၀ လောက် ဝင်တယ်။ နှစ်ဆန်း ၂ ရက်က စပြီးဝင် တာ။ မနှစ်ကထက်ကို ဈေးလျှော့တယ်။ ဒီနယ်တွေကပဲ အစောဆုံးထွက်တော့ တစ်နိုင်ငံလုံးနေရာအနှံ့ တင်ပို့ရတယ်" လို့ ပြောပါတယ်။သစ်သီးဈေးကွက်မှာ စိန်တလုံးနဲ့ ဟင်္သာသရက်သီးများ  အဝင်ရှိပြီး၊ တရုတ်ဈေးကွက်မှ ပန်းသီး၊ သစ်တော် သီး၊ လိမ္မော်သီးနဲ့ နဂါးမောက်သီးများ ပုံမှန်ဝင်လျက်ရှိပါတယ်။ Export  တန်း ဝင် စိန်တလုံးသရက်ကို  သရက်စိုက် တောင်သူများမှ      အစိုက်များပြီး၊ အကြမ်းသီး    အစိုက်နည်းခြင်းကြောင့် အသီးကြမ်း၊  အထွက်နည်းပြီး  ဈေး ကောင်းရလျက်ရှိပါတယ်။ သရက်ကြမ်း တစ်ပင်ကို ပုပ်ပြတ်ခူးဈေး  ကျပ် ၅ သောင်းဝန်းကျင်ရှိပြီး၊  အကြမ်းသီးမှာ ဆေးဖျန်းခြင်းမလုပ်ရလို့ တွက်ခြေကိုက် လျက်ရှိကြောင်း သိရပါတယ်။ဈေးကွက်မှာ သရက်ကြမ်း တစ် ပိဿာကို လက်ကားဈေး ၁၅၀ ကျပ်၊ သုံးလုံးတစ်တောင်  ၁ ပိဿာ ၂၅၀ ကျပ်၊ စိန်တလုံး (၁ လုံးကို) ၂၀၀ ကျပ် အောင်ဒင်နဲ့ စံရသီး ၂၀၀ လုံးပါ တစ် တောင်းကို ၇၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။