FTA ကာလအတွင်း ဗီယက်နမ်၊ အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များဆွေးနွေးပွဲကို ကာရာလာဒေသ မှာ မေလ ဆန်းက အိန္ဒိယမှာရှိတဲ့ ဗီယက်နမ်ကုန်သွယ်ရေးရုံး နဲ့ ကိုချင်ကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းကျင်းပကြကြောင်း သိရ ပါတယ်။ ဗီယက်နမ်နဲ့ အိန္ဒိယကြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မကြာသေးမီနှစ်များက စတင်ဆောင်ရွက်ခဲ့ပြီး အာဆီယံ-အိန္ဒိယ လွတ် လပ်သောကုန်သွယ်မှု သဘောတူညီချက် FTA က ၂၀၁၀ ပြည့်နှစ် ဇွန် ၁ ရက်ကစပြီး အကျိုး သက်ရောက်ခဲ့ကာ အိန္ဒိယစီးပွားရေးလုပ်ငန်းများ ဗီယက်နမ်မှာ အခွင့်အလမ်းရှာဖွေရေး ကူညီမှု အနေနဲ့ အခွန်တွေလျှော့ချပေးခဲ့ကြောင်း သိရပါ တယ်။ ၎င်းဆွေးနွေးပွဲမှာ အိန္ဒိယစီးပွားရေးလုပ်ငန်း များက ဗီယက်နမ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ရှိ စီးပွားရေးလုပ်ကိုင်မှု လမ်းစဉ်အဆင့်ဆင့်၊ ဗီယက် နမ်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ လိုအပ်မယ့်အလုပ် သမား လိုအပ်ချက်၊ လစာမူဝါဒ၊ ပို့ကုန်သွင်းကုန် မူဝါဒနဲ့ ကုန်စည်ပြပွဲများ ကျင်းပမှုများကို အထူး စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ် ကုန်သွယ်ရေး ကိုယ်စားလှယ်က ဗီယက်နမ်ရဲ့ ပြည်ပကုန်သွယ်ရေးမူဝါဒများနဲ့ လိုအပ်တဲ့ သတင်း အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် အိန္ဒိယစီးပွားရေးလုပ်ငန်းများမှ ၎င်းတို့ရဲ့ထုတ်ကုန်များကို ပြည်တွင်းမှာမိတ်ဆက် တဲ့အနေနဲ့ ထုတ်ကုန်ပြပွဲ၊ ကုန်စည်ပြပွဲများ ကျင်းပ ရေးလည်း ဆွေးနွေးခဲ့ပါတယ်။ ၎င်းကုန်သွယ်မှုမြှင့် တင်ရေး ဆွေးနွေးပွဲအပြီးမှာ ဗီယက်နမ် ကုန်သွယ် ရေးရုံးက ကာရာလာရှိ အိန္ဒိယအေဂျင်စီများဖြစ် တဲ့ ရော်ဘာအသင်း၊ ဟင်းခတ်အမွှေးအကြိုင် အသင်း၊ ရေထွက် ကုန်တင်ပို့မှုဖွံ့ဖြိုးရေးအာဏာပိုင် MPEDA ကဲ့သို့သော အဖွဲ့အစည်းများနဲ့ လုပ်ငန်းဆောင်ရွက်မှုများရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ပြီး ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ ၇ ဘီလီယံထိရောက်ရှိနိုင်ဖို့ ဗီယက်နမ်က မျှော်လင့်ထားကြောင်း သိရပါ တယ်။Source: Business time K.Z.W
Background