မြေပဲဆံများ ပြည်ပတင်ပို့ခွင့်ပြုလိုက်လို့ မြေပဲ ဆံများ ဈေးကောင်းရောင်းရတာနဲ့ပတ်သက်လို့ တောင်သူအနေနဲ့ ကိုယ်စိုက်တဲ့သီးနှံ ဈေးကောင်း ရလေ စိုက်ပျိုးရကျိုးနပ်လေဆိုတော့ ခုလို တရုတ် ပြည်ကို မြေပဲတင်ပို့ခွင့်ပြုတဲ့အခါ ဝယ်လိုအားများ ပြီး ဈေးကောင်းရလာတာကြောင့် တောင်သူတွေ အတွက်တော့ အကျိုးရှိတယ်ပြောရမှာပေါ့။ပွဲစားကုန်သည်ကလည်း တရုတ်ပြည်အတွက် အဝယ်သွက်တယ်။ ဝယ်လက်က ပစ္စည်းလိုအပ်ရင် ဈေးမြောက်ပေးတယ်။ ဒီအခါ တောင်သူနဲ့ လှောင် သူတွေ ထုတ်ရောင်းကြလို့ ရောင်းဝယ်မှုပမာဏ တိုးသလို ပစ္စည်းတန်ဖိုးလည်း တက်လာတယ်။ ဒီတော့ ကော်မရှင်စားဖြစ်တဲ့ ပွဲစားနဲ့ လက်ကား ကုန်သည်တွေအတွက် "ဝန်ဆောင်ခ'' ပိုရကြတဲ့ အတွက် အကျိုးပိုရှိတယ်ဆိုရမယ်။ စားသုံးသူကလည်း ဒေသထွက် မြေပဲဆန်တွေ ဈေးကောင်းပေးပြီး၊ တရုတ်ဝယ်လက်တွေ ဝယ်တဲ့ အတွက် ငွေပိုရလို့ တောင်သူတွေ အကျိုးရှိတာ ဝမ်းသာပါတယ်။ဒါပေမယ့် ဒေသတွင်း မြေပဲဆီနဲ့ စားသောက် ကုန် "မြေပဲဆံ Value Added '' ဈေးမာလာ တော့ စားသုံးသူတွေအတွက် အနည်းငယ်စရိတ် ကြီးလာတယ်လို့ ဆိုရမယ်။စားသုံးဆီတွေ ပြည်ပက လွတ်လပ်စွာ တင် သွင်းခွင့်ပြုလို့ စားအုန်းဆီဈေးကတော့ ကျဈေး ဖြစ်တဲ့အတွက် အဲဒီစားအုန်းဆီနဲ့ လုပ်ကိုင်နေ ကြတဲ့ "အကြော်'' လုပ်ငန်းနဲ့ စားသောက်ဆိုင်တွေ အတွက် ကုန်ကျစရိတ် သက်သာစေသလို စားသုံး သူတွေလဲ ဈေးသက်သာစွာ ဝယ်ယူသုံးစွဲရလို့ အကျိုးရှိပါတယ်။ဒါပေမယ့် ကျန်းမာရေးနဲ့ ကုန်သွယ်ရေး ရှု ထောင့်မှကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံကထွက်တဲ့ အရည်အသွေးမီ ကုန်ကြမ်းကို တခြားနိုင်ငံ ကို ရောင်းချပြီး၊ တခြားနိုင်ငံက အရည်အသွေးခြား နားပြီး ဈေးချိုတဲ့ကုန်ကြမ်းဖြစ်တဲ့ စားအုန်းဆီတွေ ဝယ်ယူသုံးစွဲနေရတဲ့အတွက် အိုးသည် အိုးကောင်း မကိုင်ရသလို နိုင်ငံသား စားသုံးသူတွေအတွက် ကျန်းမာရေး၊ စီးပွားရေးအရ ထိခိုက်စေတယ်လို့ မြင်မိပါတယ်။ဆီစက်လုပ်ငန်းရှင်ကလည်း မြေပဲဆီကို အား ပြုကြိတ်ခွဲဖြန့်ဖြူးနေရတဲ့ စက်သမားတွေအတွက် အခုလို မြေပဲဆံကုန်ကြမ်းဈေး တက်တဲ့အခါ ကုန် ချောဈေးလိုက်မြှင့်ရလို့ စားသုံးသူတွေအတွက် ဝယ် လိုအားကျဆင်းသွားနိုင်ပြီး ထုတ်လုပ်မှုကို အနည်း ငယ် ထိခိုက်စေပါတယ်။ဖြစ်နိုင်ရင် တရုတ်ပြည်ရဲ့ အသုံးချလိုမှုကို တွက်ဆပြီး ကုန်ချောထုတ်လုပ်တင်ပို့နိုင်ဖို့ ဒေသ တွင်းက တောင်သူနဲ့ လုပ်ငန်းသမားတွေအပြင် စားသုံးသူတွေအတွက်သာ အကျိုးရှိစေမယ်လို့ မြင်ပါတယ်။ဒီအပြင် ပြည်ပကလွတ်လပ်စွာ တင်သွင်းခွင့် ပြုတဲ့ စားအုန်းဆီကိုလည်း ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး၊ အန္တရာယ်ပေးနိုင်မှု အနည်းဆုံးနဲ့ အရည်အသွေးမြင့်စားအုန်းဆီတွေကို တင်သွင်းစေလိုပြီး သင့်တင့်တဲ့ ဈေးတန်းရအောင် လုပ်ပေးရင် မြေပဲစိုက်သူရော ကုန်သည်ပွဲစားရော၊ စားသုံးသူတွေပါ အဆင်ပြေစေနိုင်မယ်လို့ ထင်မြင် မိပါတယ်။ ထွန်းလှိုင်
Background