Main menu

Background

မြန်မာ-ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များ အကြား တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

Sun, 06/24/2012 - 05:45 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့  Ho Chi Min Investment & Trade Promotion Centre (ITPC)  ဦးဆောင်မှုနဲ့ ဗီယက်နမ်စီးပွားရေး လုပ် ငန်းရှင် ၉၀ ခန့်ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန် ၁၅ ရက် (သောကြာနေ့) ၁၄း၀၀ ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေး ဘုရားလမ်းရှိ ှSedona Hotel  မင်းတုန်းခန်းမမှာ မြန်မာ-ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ အကြား တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။    တွေ့ဆုံပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးကျော်စိုး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်မှ ဒုတိယဥက္ကဌ ဦးအောင်လွင်နှင့်    ဗီယက်နမ်နိုင်ငံ ITPC အဖွဲ့ဦးဆောင်သူ မစ္စငုယင်သီဟောင်၊ ဒုတိယဥက္ကဌ ဟိုချီမင်း မြို့တော်ကောင်စီတို့က အဖွင့် အမှာစကားများ မြွက်ကြားခဲ့ကြပါ တယ်။     ဗီယက်နမ် ကိုယ်စားလှယ် အဖွဲ့တွင် လိုက်ပါလာသော မစ္စ ခိုနာ ပေါင်မှ ဗီယက်နမ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို လည်း ကောင်း၊ ကုန်သည် စက်မှုအသင်းချုပ်မှ သုတေသနအရာရှိ ဒေါ်နန်းစောနန္ဒာ လှိုင်မှ မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်း များကို ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များအား ရှင်းလင်း ပြောကြားခဲ့ပါ တယ်။    တွေ့ဆုံဆွေးနွေးပွဲကို လိုက်ပါလာ ကြတဲ့ ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင် များကတော့ စားသောက်ကုန်နဲ့ အချို ရည် လုပ်ငန်း၊ နို့ထွက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အလှကုန်၊ လူသုံးကုန်နဲ့ အသုံးအဆောင်ပစ္စည်း၊ သန့်စင်ခန်းသုံး ပစ္စည်း၊ ဖိနပ်အမျိုးမျိုး၊ ကုန်သေတ္တာပို့ဆောင်ရေး၊ ရုပ်ရှင်ရုံ ဆိုင်ရာပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်လုပ်ငန်း၊ မော်တော် ဆိုင်ကယ်၊ ရေသန့်စင်ခြင်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စာရေးကိရိယာလုပ်ငန်း၊ ဈေးကွက်  လေ့လာရေးနဲ့ အကြံပေးလုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် တွေ့ ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာ စီးပွားရေး လုပ်ငန်းရှင်နှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ ကြပါတယ်။ ဇွန် ၁၆ ရက်မှ ၁၉ ရက်ထိ ဗီယက်နမ်ကုန်စည်ပြပွဲအားတပ်မတော် ခန်းမမှာ ကျင်းပခဲ့တယ်လို့ သတင်း ရရှိပါတယ်။     MIRT (DOBT)