Main menu

Background

အခြေခံစားသောက်ကုန်လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ မအူပင်မြို့နယ်မှာ ကျင်းပ

Sun, 06/24/2012 - 05:45 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်း ရဲမှုလျှော့ချရေးလုပ်ငန်း ကော်မတီ၊ အခြေခံစားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက် နေ့လည်က မအူပင်မြို့ နယ် ညောင်ဝိုင်းကျေးရွာ ဦးချန်ထွန်းရဲ့ ဧပရယ်ယိုစုံလုပ်ငန်း အလုပ်ရုံမှာကျင်းပခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် တက်ရောက် အားပေး အမှာစကား ပြောကြားခဲ့ပါတယ်။     ဆက်လက်ပြီး ဝန်ကြီးချုပ်ဦးသိန်းအောင်၊ သမဝါယမဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့အဖွဲ့ဟာ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဒေသထွက် စားသောက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။    အခြေခံစားသောက်ကုန်လုပ်ငန်းဖွံံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကော်မတီဝင်များ၊ သရက်သီး၊ သရက်ပျဉ်၊ သရက်ယိုလုပ်ငန်းရှင်များ၊ ပဲမုန့်၊ ငှက်ပျောကြော်၊ မြေပဲယိုလုပ်ငန်းရှင် များ၊ ငါးပိငါးခြောက်၊ ငံပြာရည်၊ ပုစွန်ချဉ်၊ ပုစွန်ဆီလုပ်ငန်းရှင်များ စုစုပေါင်း ၅၄ ဦး တက်ရောက် ခဲ့ကြကြောင်းသိရှိရပါတယ်။     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ သမဝါယမဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းနဲ့ ပညာရှင်များက စားသောက်ကုန်ပစ္စည်းများအား ကြာရှည်ခံထားရှိနိုင်ရေး၊ ထုပ်ပိုးမှုစနစ်၊ စား သုံးသူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးအတွက် ထုတ်လုပ်ရန်နည်းစနစ်များ အားလည်းကောင်း၊ စီးပွားကူးသန်း  လယ်ယာထွက်ကုန်၊ ခရိုင်မန်နေဂျာ ဦးတိုးလွင်က စိုက်ပျိုးရေးမွေးမြူရေး အခြေခံဒေသထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေးနဲ့ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေများကိုလည်းကောင်း၊ ဧပရယ်ယိုစုံလုပ်ငန်းရှင် ဦးချန်ထွန်းက ယိုမျိုးစုံ ထုတ်လုပ်နေမှု၊ ဈေးကွက်မှာဖြန့်ဖြူးတင်ပို့ ရောင်းချနေမှုများကိုလည်းကောင်း၊ မအူပင်ခရိုင်  အုပ်ချုပ်ရေးမှူး  ဦးအေးသောင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆွေးနွေးရရှိချက်များအရ မိမိဒေသထွက် သီးနှံများကို အဆင့်မြင့်အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်း၊ စနစ်တကျ ထုပ်ပိုးဖြန့်ဖြူးခြင်း၊ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေများရရှိလာနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။တိုးလွင်