Main menu

Background

နယ်စပ်မှ နှမ်းရောင်စုံ အပို့ပို

Wed, 07/18/2012 - 04:02 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၀၀၈ တန်ဝန်းကျင်အပို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အရောင်အလိုက်ယခုအပတ် တင်ပို့မှုတွေကတော့ နှမ်းနက် ၂၄၅ တန်ခန့်၊  နှမ်းဖြူ ၇၄၃ တန်ကျော်နဲ့  နှမ်းညို တန် ၂၀အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ် ကထက် နှမ်းရောင်စုံ တန် ၅၀ ဝန်း ကျင် အပို့ပိုခဲ့ပါတယ်။ ဇွန်လမှာ တန်ချိန် ၃၃၀၀ ကျော်  အပို့ရှိပြီး ယမန်နှစ် ကာလတူထက် တန် ၂၅၅၀ ကျော်နဲ့ အနီးစပ်ဆုံးကာလ မေလတန် ၁၃၄၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်မှ ဆီထွက်သီးနှံဝယ်လိုအား များခဲ့ခြင်း၊ မြေပဲ လက်ကျန် နည်းပါးလာခြင်းတို့ကြောင့် တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေပြင်နှမ်းဈေးများ အနည်းငယ်ပိုမို ခဲ့ပါတယ်။                            မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု         ယခင်       ပြောင်းလဲမှု    %       ယခု       ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၅၉၀၇၁    ၁၁၄၂၁၀၂     ၁၇၀၆၉      ၁ .၅    ၁၃၄၀    ၁၃၄၂          ၂         ၀ .၁နှမ်းနက်    ၁၁၁၈၄၁၀    ၁၁၀၁၉၄၁    ၁၆၄၆၉      ၁ .၅    ၁၂၉၂    ၁၂၉၅         ၃         ၀ .၂    MIRT (DOBT)