ယူရိုဇုန်အကျပ်အတည်းက လာမဲ့နှစ်အနည်းငယ်ကြာ သည်ထိ ကမ္ဘာ့စီးပွားရေးကို ဒရွတ်တိုက်ဆွဲပြီး ဟန့်တား နေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုင်းပို့ကုန်များကို တိုက် ရိုက်ထိုးနှက်မှာဖြစ်တဲ့အတွက် ယခုနှစ်မှာ ပို့ကုန်တိုးနှုန်းမှာ ခုဂဏန်းဖြင့်သာ တိုးတက်မည်ဖြစ်ကြောင်းနဲ့ မူလရည်မှန်း ချက်ဖြစ်သော ၁၅ ရာခိုင်နှုန်းမှ အများကြီး ကျသွားနိုင် ကြောင်း ပို့ကုန်လုပ်ငန်းသမားများနဲ့ ဘဏ်လုပ်ငန်းသမား တို့က ဇူလိုင် ၁၁ ရက်က သတိပေးပြောကြားခဲ့ပါတယ်။ " ဥရောပသမဂ္ဂ (အီးယူ) ငွေကြေး အကျပ်အတည်းက လာမဲ့ နှစ်လယ်လောက်မှာ ပြင်းပြင်းထန်ထန်ထိခိုက် စေမှာ ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင် ပါတယ်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးကို တွန်းအားပေးပေမဲ့ တတိယအစီအစဉ် (QE 3) ကို ဆောင်ရွက်ပေးတဲ့ ဆိုပေမဲ့ အမေရိကန် ဒေါ်လာက ဆက်ပြီး အားနည်းနေဦးမှာပါ။ ဒါကြောင့် ထိုင်းဘတ်ကတန်ဖိုးတက်ပြီး ထိုင်းပို့ကုန်တွေကို ကျဆင်းစေနိုင်ပါတယ်" လို့ SCB Economic Intelligence Centre မှ စီးပွားရေးပညာရှင်အကြီးအမှူး ဆုတာပါ အာမိုဗီဗက်က ပြောပါတယ်။ ဥရောပမှာ စီးပွားရေးချွတ်ချုံကျနေတာနဲ့ တရုတ်နိုင်ငံ မှာ စီးပွားရေးတိုးနှုန်းနှေးကွေးတာတွေကြောင့် ထိုင်းပို့ကုန် လုပ်ငန်းတွေကို အထိနာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း ဖက်ဒရေးရှင်း( FTI )၊ Siam Commercial Bank (SCB) တို့က ကြီးမှူးကျင်းပတဲ့ "Europe and China Economic Crises: Impacts on Thai Shipment" ဆွေး နွေးပွဲမှာ ပြောကြပါတယ်။ ဒီမငြိမ်မသက်မှုက ဘဏ်လုပ်ငန်း နဲ့ ငွေကြေးလုပ်ငန်းတွေမှာ ပြဿနာတွေဖြစ်ပွားစေနိုင်ပြီး အန္တရာယ်အတွက် ပို့ကုန်သမားတွေက အပြည့်အ၀ ပြင်ဆင် ထားရပါမယ်။ ပို့ကုန်လုပ်ငန်းတွေ တိုးတက်ဖို့နဲ့ လုပ်ငန်းတွေဆက် လက်ရှင်သန်ဖို့အတွက်အစိုးရကဘဏ္ဍာရေး၊အခွန်အကောက်၊ စည်းမျဉ်းဥပဒေနဲ့ နည်းပညာဥပဒေနဲ့ ကုန်သွယ်မှုစေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်ခြင်းဖြင့် အဖက်ဖက်မှ ထိထိရောက် ရောက်အ ကူအညီပေးဖို့လိုကြောင်း ပို့ကုန်သမားတွေက ပြောပါတယ်။ လေးနှစ်ကျော်ခန့်သက်ဆိုးရှည်လာပြီဖြစ်တဲ့ အမေရိကန် အကျပ်အတည်းနဲ့ နှိုင်းယှဉ်ရင် အီးယူအကျပ် အတည်းက ပိုမိုပြင်းထန်နိုင်ကြောင်း SCB Economic Intelligence Centre မှ ဆုတာပါက ပြောပါတယ်။ ထိခိုက်မှု အများဆုံး ဖြစ်နိုင် တဲ့လုပ်ငန်းတွေက အထည်ချုပ်၊ စည်သွပ်အစားအစာ၊ အီလက်ထရွန်းနစ်၊ ကွန်ပျူတာ၊ လက်ဝတ် ရတနာ၊ ရော်ဘာနဲ့ စက်ယန္တရားတွေ ဖြစ်ပါတယ်။ အီးယူစီးပွားရေးကျဆင်းမှု ကြောင့်လည်း ထိုင်းကနေ တရုတ်ကိုတင်ပို့မှုကလည်း ကျွဲကူး ရေပါထိခိုက်နိုင်ပါတယ်။ တရုတ်ကို တင်ပို့ရာမှာ အများဆုံး ထိခိုက်စေမှာကတော့ ပလတ်စတစ်၊ ဓာတုပစ္စည်း၊ ရော်ဘာ၊ အီလက်ထရွန်းနစ်၊ ကွန်ပျူတာနဲ့ ရော်ဘာထုတ်ကုန်တွေဖြစ် ပါတယ်။ Source.nationmultimedia.com
Background