Main menu

Background

ငွေလဲနှုန်း တည်ငြိမ်နေသော်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုတို့ကြောင့် မြန်မာ့ရွှေဈေး အနည်းငယ်ပြန်ကျလာ

Mon, 08/27/2012 - 07:46 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းတွင်  အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်နေ သော်လည်း  ကမ္ဘာ့ရွှေဈေးနှုန်းသည် အကျဘက်သို့ ဦးတည်ခဲ့သဖြင့် မြန်မာ့ ရွှေဈေးနှုန်းလည်း  အနည်းငယ်ပြန်ကျ လာခဲ့သည်။

ဇူလိုင် ၂၈ ရက်က ကမ္ဘာ့ရွှေဈေး သည်တစ်အောင်စလျှင် ၁၆၂၄ဒေါ်လာ ရှိခဲ့ရာမှ သြဂုတ် ၁ ရက်တွင် ၁၆၁၄ ဒေါ်လာအထိ  ကျဆင်းလာခဲ့သည်။ မြန်မာ့ရွှေဈေးနှုန်းသည် လည်းဇူလိုင်လ ၂၈ရက်က အခေါက်  ရွှေတစ်ကျပ်သား လျင် ၇၃၇၃၀၀ ကျပ်ဖြစ်ခဲ့ရာမှ သြဂုတ် ၁ ရက်တွင် ၇၃၆၀၀၀ကျပ်သို့ အနည်း ငယ်ကျဆင်းလာခဲ့သည်။  သြဂုတ် ၃ ရက်တွင်  ကမ္ဘာ့ရွှေဈေးသည် ၁၅၉၀ ဒေါ်လာသို့ ကျဆင်းခဲ့ရာမြန်မာ့ရွှေဈေး သည်လည်း  ကျပ် ၇၃၃၀၀၀ သို့ ကျ ဆင်းလာခဲ့သည်။"ဒီတစ်ပတ်မှာ  မြန်မာ့ရွှေဈေးက နည်းနည်းကျလာတယ်လို့  ပြောရမယ်။ ငွေလဲနှုန်းက ငြိမ်နေတဲ့အချိန်မှာ ကမ္ဘာ့ ရွှေဈေးက ကျလာတဲ့အတွက် မြန်မာ့ ရွှေဈေးလည်း လိုက်ပြီးကျလာရတာပဲ။  ကမ္ဘာ့ရွှေဈေးက မငြိမ်ဘူးဖြစ်နေတာ။ တော်တော်ကြာပြီ။တက်လိုက်ကျလိုက်  ပဲ။ တက်လာပြီးရင် ရက်သိပ်မကြာဘူး ပြန်ကျသွားပြန်ရော။  ဟိုအရင်ရက် တွေတုန်းက ဒီမှာ ငွေလဲနှုန်းကလည်း မြင့်တက်လာ။ ကမ္ဘာ့ရွှေဈေးကလည်း လိုက်တက်နဲ့။ အဲဒါနဲ့ပဲ မြန်မာ့ရွှေဈေး က လိုက်ပြီးတက်လာရတာပဲ။ အခုလို ငွေလဲနှုန်းငြိမ်နေတဲ့အချိန်မှာ ကမ္ဘာ့ရွှေ ဈေးသာအတက်အကျအနည်းငယ်သာ ရှိခဲ့မယ်ဆိုရင် မြန်မာ့ရွှေဈေးကလည်း ငြိမ်နေမှာသေချာတယ်။ ဒါဆိုရင် ရွှေ အရောင်းအဝယ်လုပ်တဲ့သူတွေအတွက် လည်း ပိုပြီးအဆင်ပြေသွားမှာပါ" ဟု ရွှေကုန်သည်တစ်ဦးက  မှတ်ချက်ပြုခဲ့ သည်။              မယ်သီတာ