Main menu

Background

ဇူလိုင်လ မုံရွာ ဆီထွက်သီးနှံဈေးကွက်

Mon, 08/27/2012 - 08:03 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဆီထွက်သီးနှံဈေးကွက်ဟာ လကုန်ပတ်မှာ တက်ဈေးအသီးသီးနဲ့ ဈေးပိတ် ခဲ့တာ တွေ့ရပါတယ်။

နှမ်းနဲ့မြေပဲအဟောင်းလက်ကျန်နည်းပြီး ရာသီဥတုကြောင့် အသစ်လည်း လှိုင်လှိုင်မပေါ်တာကြောင့် ဝယ်လိုသလောက် ရောင်းအားမနိုင်တဲ့အတွက် အခုလိုတက်ဈေးဖြစ်ပေါ်တာလို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ မြေပဲ အစိုက်များတဲ့ ဘုတလင်မြို့နယ် မောင်းထောင်ရွာတစ်ဝိုက်မှာ စိုက်ခဲ့ကြတဲ့ မိုးမြေပဲတွေ မိုးမရလို့ ပေါ်ချိန်နောက်ကျ မယ်လို့သိရပါတယ်။ ဝယ်လက်တွေကတော့ ဒေသတွင်း ဆီစက်သမားနဲ့ အကြော်အလှော် လုပ်ငန်းရှင်တွေဖြစ်ကြ ပါတယ်။ ဇူလိုင်လထဲမှာဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနှံပေါက် ဈေးတွေကို လေ့လာတဲ့အခါမြေပဲဆံ (နီ) တစ်ပိဿာ ၂၂၂၅ ကျပ်မှ ၂၄၀၀ ကျပ်၊ မြေပဲဆံ (ဖြူ) တစ်ပိဿာ ၁၉၅၀ ကျပ်မှ ၂၅၀၀ ကျပ်၊ မြေပဲ (လုံးဆံ) တစ်တင်း ၃၄၅၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ စားသုံးဆီဈေးအနေနဲ့  မြေပဲဆီ တစ်ပိဿာ ၃၈၅၀ ကျပ်မှ ၄၀၅၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၃၀၀၀ ကျပ်မှ ၃၁၅၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၉၆၀ ကျပ်မှ ၁၉၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ ဝါဝင်ကာလအကြို ဒေသတွင်း အလှူအတန်းပွဲတွေများလို့ ဆီထွက်သီးနှံနဲ့ စားဆီတွေအဝယ်သွက်ခဲ့တဲ့အတွက်ဇူလိုင်လကုန်ပတ်မှ အခုလို တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြား သိရပါတယ်။                                                                                       ထွန်းလှိုင်