Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 08/27/2012 - 08:36 -- Anonymous (not verified)

လန်ဒန် ဘတ်ဂျက် လိုငွေ လျှော့ချတာ ကို သုံးနှစ်ရွှေ့ဆိုင်းထားမယ် ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ဗြိတိန် နိုင်ငံရဲ့ ထွက်ကုန်သည် ပေါင် ၂၃၉ ဘီလီယံထိ   ပိုမိုလာနိုင်ကြောင်း အမျိုးသားစီးပွားရေးနဲ့ လူမှုရေး သု တေသနသိပ္ပံ (NIESR)  ကပြောပါ တယ်။ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် ဒီမိုကရက်တို့ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရက အသုံးစရိတ် လျှော့ချမှုနဲ့ အခွန်တိုးမြှင့်ကောက်ခံတဲ့တင်းကျပ် တဲ့ မူဝါဒများကို လျှော့ချပေးရန် ငြင်း ဆန်လျက်ရှိတယ်။Source:reuters.com

 
ဖရန့်ဖတ် ယူရိုငွေကြေးကို ကာကွယ်နိုင် အောင် ဘွန်းစာချုပ်အတိုးနှုန်းများကို  လျှော့ချပေးရန်  ဥရောပဗဟိုဘဏ် ဥက္ကဌ မာရီယိုဟဒရပ်ဂီ ကိုဖိအားပေး မှု များရှိလာတဲ့အတွက် ဥရောပ ဗဟို ဘဏ်က အတိုးနှုန်းများကို လျှော့ချ ပေးရန် ရှောင်ကြဉ်လျက် ရှိပါတယ်။ ဖရန့်ဖတ်မြို့မှာ  သြဂုတ် ၂ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ မူဝါဒ ရေးဆွဲသူတို့က စံချိန်တင် နိမ့်ကျ နေတဲ့ အတိုးနှုန်းကို ပြောင်းလဲခြင်း မရှိဘဲ သုည ဒသမ ၇၅ ရာခိုင်နှုန်း အတိုင်းဆက်လက်ထားရှိခဲ့ပါတယ်။Source:reuters.com
ဝါရှင်တန် အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်ရရှိမှုက ဇူလိုင်လမှာ ခန့်မှန်းထားတာထက် ပိုမိုမြင့်တက် ခဲ့ကြောင်း သြဂုတ် ၃ ရက်က အမေ ရိကန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါ တယ်။ ဇူလိုင်လအတွင်းမှာ လယ်ယာ လုပ်ငန်းမဟုတ်တဲ့ အလုပ်အကိုင် စုစု ပေါင်း ၁၆၃၀၀၀ ဖန် တီးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ကပြောပါ တယ်။       Source:rttnews.com
မက်ဒရစ် လွန်ခဲ့တဲ့ ၁၁ လ အတွင်းမှာ ပုဂ္ဂလိက ကဏ္ဍ ကုန်ထုတ်လုပ်မှုက ကျဆင်းနေကြောင်း ယူရိုဇုန်ဝယ်ယူ ရေးမန်နေဂျာတွေရဲ့စစ်တမ်းမှာ တွေ့ ရပါတယ်။ ထုတ်ပြန်ထားတဲ့ အညွှန်း ကိန်းအရ ဇွန်လက ၄၆ ဒသမ ၄ ရှိ ရာမှ ယခုထုတ်ပြန်ချက်မှာ၄၆ ဒသမ ၅ ထိ ရောက်ရှိခဲ့ကြောင်း  Markit Economics   အညွှန်းကိန်းမှာ သြဂုတ် ၃ ရက်က ဖော်ပြထားပါ တယ်။      ှSource:rttnews.com