Main menu

Background

ဘိလပ်မြေ

Wed, 09/01/2010 - 07:47 -- Anonymous (not verified)

နယ်စပ်ကလည်းအဝင်လျော့    သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၄၅ဝ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၆၇၈ သန်းဖိုး      တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၇၈၉ဝ တန်ကျော် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ  ၃၃၉ဝ တန်  လျော့နည်းတင်သွင်းခဲ့ပါတယ်။  နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုများကတော့ မူဆယ်မှ ၃ဝ၁ တန်၊ ကန်ပိုက်တီးမှ တန် ၁၉ဝဝ၊ လွယ်ဂျယ်မှ တန်၅ဝဝ၊ တာချီလိတ်မှ ၁၂၆၃တန်၊  မြိတ်မှ ၃၁၄ ဒဿမ ၈ တန်၊ မောင်တောမှ ၁၁၇ တန်၊ ကော့သောင်းမှ တန် ၇ဝ နဲ့ မြဝတီမှ ၃၈ တန် အသီးသီး ဖြစ်ပါတယ်။ ယခုအပတ်မှာ စခန်းအလိုက် ယခင်အပတ် ထက် မူဆယ်မှ ၁၈၉၄ တန်၊ ကန်ပိုက်တီးမှ  တန် ၅ဝဝ၊ စစ်တွေမှ တန် ၇ဝ၊ ကော့သောင်းမှ တန် ၂ဝ၊ မြိတ်မှ တန်ချိန် ၁၆၄ဝ ကျော် အသီးသီး လျော့နည်းတင် သွင်းခဲ့ပြီး တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနဲ့ မောင်တောတို့မှ ပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေပေါက်ဈေးများ ပြောင်းလဲမှုမရှိဘဲ ယခင်အပတ်အတိုင်းပဲဖြစ်ပါတယ်။                                                                                                                     MIRT(DOT)