ပေကျင်း ပြည်တွင်းနဲ့ ပြည်ပ နှစ်ခုစလုံးမှ ဝယ်လိုအား ကျေနပ်စရာကောင်း လောက်အောင် မရရှိတဲ့အတွက် တရုတ်နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း တွေရဲ့ဇန်နဝါရီ-ဇူလိုင်ကာလအတွင်း တိုးတက်မှု အခြေအနေနှေးကွေးေ န ကြောင်း သြဂုတ် ၃၀ ရက်က ထုတ် ပြန်တဲ့ စာရင်းဇယားတွေမှာ တွေ့ရ ပါတယ်။ ဒီကဏ္ဍရဲ့ စုစုပေါင်း စက်မှု ကုန်ထွက်က ယခုနှစ်ပထမ ခုနှစ်လ မှာ ယခင်နှစ်က ၁၈ ဒသမ ၈ ရာခိုင် နှုန်း တိုးတက်ခဲ့ရာမှ ယခုနှစ်မှာ ၁၀ ဒသ မ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ယွမ် ၃ ဒသမ ၁၅ ထရီလီယံ(ဒေါ်လာ ၄၉၇ ဘီလီယံ)သာရှိခဲ့ကြောင်း၊ တရုတ်အမျိုးသားအထည်ချုပ် လုပ် ငန်း ကောင်စီမှ ထုတ်ပြန်ပါတယ်။Source:xinhua
နီကိုးရှား နိုဝင်ဘာမှာ ခေါင်းဆောင် များရဲ့ အထူးထိပ်သီးဆွေးနွေးပွဲကို ကျင်းပပြီး ဥရောပသမဂ္ဂရဲ့ ယူရို ထရီလီယံပေါင်းများစွာ သုံးစွဲရေး ကိစ္စကို ကြိုးစားဖြေရှင်းကြမှာ ဖြစ် ကြောင်း ဥရောပသမဂ္ဂက သြဂုတ် ၃၀ ရက်က အတည်ပြု ပြောကြား ပါတယ်။ ဆိုက်ပရပ်မှာ ကျင်းပခဲ့တဲ့ ဝန်ကြီးများ အစည်းအဝေးက ဒီကိစ္စ ကိုနိုဝင်ဘာလမှာ ဖြေရှင်းဖို့ ဆုံးဖြတ် ခဲ့ကြောင်း ဥရောပကောင်မရှင် ဘတ် ဂျက်ဌာနမှ ပြောရေးဆိုခွင့် ရှိသူ ပက်ထရီဇီယိုဖီယိုရီယိုက ပြောပါ တယ်။ Source:AFP
ပဲရစ် ယခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်မှုတိုး တက်နှုန်းက လေးရာခိုင်နှုန်းအောက် ဆက်လက်တည်ရှိနေဦးမှာဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် ပါစကယ်လာမီ က သြဂုတ် ၃၀ ရက် နေ့က အတည်ပြုပြောကြားပြီး ကိုယ် ကျိုး စီးပွားကာကွယ်မှုကို တိုက်ဖျက် ဖို့ အစိုးရများကို တိုက်တွန်းခဲ့ပါ တယ်။ ကမ္ဘာ့ ကုန်သွယ်မှုက လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ပျမ်းမျှခြောက်ရာခိုင် နှုန်းကျော် တိုးတက်ခဲ့ပါတယ်။Source:AFP
ဆီအမ်ရိ ကမ္ဘောဒီးယားနိုင်ငံ ဆီအမ်ရိမြို့ မှာ အာဆီယံစီးပွားရေးဝန်ကြီးများရဲ့ အစည်းအဝေးကို သြဂုတ် ၂၇ ရက် မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပ လျက်ရှိရာ ဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကြီးမားဆဲဖြစ်ကြောင်း၊ ဒါကြောင့် အမျိုးသားအဆင့်နဲ့ ဒေသတွင်းအဆင့်နှစ် ခုစလုံးမှာ ရရှိ လာမဲ့ အသီးအပွင့်များကို တူညီစွာ သုံးစွဲနိုင်အောင်နှစ်ဆတိုးမြှင့်ကြိုးစား ဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ဖွင့်ပွဲမှာ ပြောပါတယ်။ှSource:nationmultimedia.com