Main menu

Background

မဲခေါင်ဒေသမှ အခွင့်အလမ်းများ အကြောင်း ဖိုရမ်ကို သီရိလင်္ကာနိုင်ငံက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပမည်

Sun, 09/09/2012 - 09:31 -- Anonymous (not verified)

သီရိလင်္ကာနိုင်ငံက ကမ္ဘာ့ဘဏ် ရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)နဲ့ ပူးပေါင်း ပြီး စီးပွားရေးလုပ်ငန်းဖိုရမ်တစ်ခုကို ကျင်းပမှာဖြစ်ကြောင်း၊  အစည်း အဝေးမှာ   အရှေ့တောင်အာရှ မဟာမဲခေါင်ဒေသရှိ အခွင့်အလမ်း များကို   ဆွေးနွေးမှာဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံမှ ကုန်သည်ကြီး များအသင်းက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဟီလ်တန်ရက်စီဒန်စီ၌ စက်တင် ဘာ ၂၀ ရက်မှာ ကျင်းပမဲ့အစည်း အဝေးမှာ(IFC) ရဲ့ အဓိကရင်းနှီး မြှုပ်နှံသူဖြစ်တဲ့ ကမာဒိုရာဘာဝီ လာက ဗီယက်နမ်၊ မြန်မာနဲ့ ထိုင်း နိုင်ငံတို့မှ သံရုံးအရာရှိများနဲ့ တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ဒီအစည်းအဝေး အခမ်းအနား ကို ကုန်သည်ကြီးများအသင်းရဲ့ ဌာနခွဲ  တစ်ခုဖြစ်တဲ့ သီရိလင်္ကာ၊ ဗီယက်နမ်  မဟာမဲခေါင်ဒေသခွဲ စီးပွားရေး   လုပ်ငန်းကောင်စီ (SLVGMSBC) က စည်းရုံးကျင်း ပပေးတာ ဖြစ်ပါတယ်။အစည်းအဝေးမှာ ဒိုရာဘာဝီလ က  " South-South Business Development and Inves- tment for Sri Lanka: Oppor- tunities and Challenges" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါ တယ်။ှSource.Lankbusineonline.com,