Main menu

Background

နှမ်းရောင်စုံရော နှမ်းဖြူအခွံချွတ်ပါ မူဆယ်မှ အပို့ရှိ

Thu, 10/04/2012 - 04:54 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၇၄၁ သန်းတန်ဖိုးရှိ နှမ်းနက် ၂၄၇၀ တန်ခန့်၊ နှမ်းဖြူ ၁၁၅၃ တန်၊ နှမ်းညို ၁၁၁ တန်နဲ့ကန်ဒေါ်လာသုည ဒသမ ၄၈၂ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၈၅ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် နှမ်းရောင်စုံတင်ပို့မှု တန် ၁၆၀ ကျော်လျော့နည်းခဲ့ပြီး နှမ်းဖြူအခွံချွတ်ကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ပါ ဘူး။ မြေပြင်နှမ်းပေါက်ဈေး များကိုကြည့်တဲ့အခါ နှမ်းဖြူဈေးကျသော်လည်း နှမ်းနက်ဈေးအနည်းငယ် ပိုတာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-

မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်       ပြောင်းလဲမှု    %      ယခု       ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၀၈၈၈၂၃    ၁၁၀၅၆၄၁    ၁၆၈၁၈       ၁ .၅    ၁၃၀၂    ၁၂၉၈             ၄        ၀ .၃နှမ်းနက်    ၁၁၈၁၄၁၅    ၁၁၇၂၈၀၁    ၈၆၁၄        ၀ .၇    ၁၄၁၃    ၁၃၇၇           ၃၆        ၃MIRT (DOBT)