ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အနည်းငယ်သာကျဆင်းခဲ့ သည်ကို တွေ့ရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ယခင် ရက်သတ္တပတ် အတွင်းက ၁၇၅၄ဒေါ် လာရှိခဲ့ရာမှ ယခုတစ်ပတ်အတွင်းတွင် ၁၇၃၉ ဒေါ်လာအထိ ကျဆင်းခဲ့သည် ကိုတွေ့ရသည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးသည်လည်း လိုက်လံကျ ဆင်းခဲ့ရာ မြန်မာ့ရွှေဈေးသည်လည်း အနည်းငယ်သာ ကျဆင်းခဲ့သည်။ ပြီး ခဲ့သည့် အောက်တိုဘာ ၁၅ ရက်က မြန်မာ့ရွှွေဈေးသည် ၇၈၂၅၀၀ ကျပ် ရှိခဲ့ရာမှ အောက်တိုဘာ ၁၇ ရက်တွင် ၇၈၃၅၀၀ကျပ်သို့ အနည်းငယ် မြင့် တက်ခဲ့သည်။ သို့သော် အောက်တိုဘာ ၁၉ ရက်တွင် အနည်းငယ် ထပ်မံကျ ဆင်းခဲ့ရာ ၇၈၁၅၀၀ ကျပ်သို့ ထပ်မံကျ ဆင်းခဲ့သည်။" မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး ပေါ်မှာ တည်နေတယ်ဆိုတော့ ကမ္ဘာ့ ရွှေဈေးကျရင် သူလည်း လိုက်ကျမှာပဲ။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးက နေ့စဉ်အ တက်အကျရှိနေတော့ မြန်မာ့ရွှေဈေး ကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေ တာ။ ဈေးကျတယ်ဆိုပေမယ့်လည်း သိ သိသာသာကြီး ကျသွားတာမျိုးမဟုတ် ဘဲ ကျပ်တစ်ထောင်ကနေ သုံးထောင် လောက်အထိပဲ ကျသွားတာပါ''ဟု ရွှေ ကုန်သည်တစ်ဦးက ဆိုသည်။မယ်သီတာ