ဒတ်ချ်နိုင်ငံပိုင်စွမ်းအင်နဲ့ရေနံဓာ တုကုမ္ပဏီရှဲ (Shell) ရဲ့သဘာဝဓါတ် ငွေ့ရည် (LPG) လုပ်ငန်းကို ဗီယက် နမ်နိုင်ငံမှာ ဆောင်ရွက်မှုရပ်ဆိုင်းခဲ့ပါ တယ်။ ဖက်စပ်ကုမ္ပဏီမှာ ရှိတဲ့ ရှယ် ယာအားလုံးကို ထိုင်းနိုင်ငံမှ Siam Gas Co. (SGP) သို့ရာနှုန်းပြည့်ပြန်လည် ရောင်းချခဲ့ပါတယ်။
သဘောတူစာချုပ်ကို အောက်တို ဘာ ၃ ရက်မှာ လက်မှတ် ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ကို ဗီယက်နမ် အာ ဏာပိုင်တို့ကအတည်ပြုခဲ့ပြီးဖြစ်တာကြောင့် Shell Gas အမှတ်တံဆိပ် နေရာတွင Shell Gas အမှတ်တံဆိပ်အဖြစ်သုံးနှစ် အတွင်းအစားထိုးသုံးစွဲသွားမှာဖြစ်ပါ တယ်။ ဝယ်ယူမှုတန်ဖိုးကို Shell Gas Vietnam ကထုတ်ဖေါ်မကြေညာခဲ့ပေ မဲ့ Shell Gas Vietnam ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးအတွက်ကန်ဒေါ်လာ ၁၀၀၀၀၀ နဲ့ Shell Gas Hai Phong Ltd မှာ ရှဲကုမ္ပဏီပိုင်တဲ့ရှယ်ယာ ၇၉ ဒသမ ၆၄ ရာခိုင်နှုန်းအတွက်ဒေါ်လာ ၃၀၀၀၀၀ ပေးရလိမ့်မယ်လို့ခန့်မှန်း ကြောင်းဘန်ကောက်ပို့စ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချတာ က ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းမဟာဗျူ ဟာနဲ့အညီဆောင်ရွက်တာဖြစ်ကြောင်း နဲ့ ကုမ္ပဏီကဗီယက်နမ်ဈေးကွက်မှာ ရေနံအတွက်ရင်းနှီးမြှုပ်နှံမှုကို အာရုံ စိုက်ဆောင်ရွက်လိုတဲ့ဆန္ဒရှိကြောင်း Shell Gas Vietnam ကပြောပါတယ်။ ဗီယက်နမ်ဓါတ်ငွေ့ဈေးကွက်ကနှစ်စဉ် တိုးတက်နှုန်း ၁၀ ရာခိုင်နှုန်းရှိပြီးအလား အလာကောင်းတဲ့ဈေးကွက်ဖြစ်ပေမဲ့ အမေရိကန်နိုင်ငံရဲ့ Mobile Unique (၂၀၀၆ ခုနှစ်)၊ ဗြိတိန်နိုင်ငံရဲ့ BP Gas (၂၀၀၉ ခုနှစ်)တို့ ဗီယက်နမ်နိုင်ငံက ထွက်ခွာပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံ ထွက်ခွါတဲ့ ူဏွ ကုမ္ပဏီတွေထဲမှာ ရှဲလ် ကတတိယမြောက်ကုမ္ပဏီဖြစ်ပါတယ်။ Source.VNS