Main menu

Background

ဆောင်းသီးနှံစိုက်ပျိုးရန် တောင်သူများ မျိုးမြေပဲများ ဝယ်ယူစုဆောင်းနေ

Mon, 10/29/2012 - 04:47 -- Anonymous (not verified)

ရေကြည်မြို့နယ်ရှိ တောင်သူများ ရင့်မှည့်ပြီး၊ ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့လျက်ရှိနေ သလို ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးဖို့ မျိုးစေ့များ ဝယ်ယူ စုဆောင်းနေကြပါတယ်။ နှစ်စဉ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်းဖြူအများဆုံး စိုက်ပျိုး ခဲ့ပေမယ့် ယခင်နှစ်က မတ်ပဲဈေးကွက်နဲ့ စားသုံးဆီ(အတု)များ ဝင်ရောက်လာမှု အပေါ် MAPT ဝန်ထမ်းများရဲ့အသိပညာပေးခြင်းများကြောင့် တောင်သူများ အသိအမြင်ရှိလာကြပြီး၊ ၂၀၁၂-၁၃ ခုနှစ်၊ ယခုနှစ်မှာတော့ မြေပဲစိုက်ဧက တိုးချဲ့ စိုက်ပျိုးဖို့ စိုက်နေကြတောင်သူများနဲ့ ယခင်စိုက်ပျိုးခြင်းမရှိတဲ့ တောင်သူများပါ မျိုးမြေပဲများ ကြိုတင်ဝယ်ယူစုဆောင်းလျက် ရှိကြောင်းသိရပါတယ်။

ဟင်္သာတမြို့နယ်နဲ့ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာများမှာ အများ ဆုံး ဝယ်ယူကြပြီး၊ မျိုးမြေပဲ (အခွံပါ) ဒေသရွာခံတစ်တင်း (၉၃၀၀ ကျပ်မှ ၉၇၀၀ ကျပ်)ဈေးဝယ်ယူရကြောင်း သိရပါတယ်။ သွားရောက်ဝယ်ယူ သူ တောင်သူများ အဆိုအရ ယခုအခါ ၁၀၀၀၀ ကျပ်အထိ ဒေသပေါက်ဈေး ရှိနေတာကြောင့် ဈေးနှုန်းထပ်မံမြင့် တက်နိုင်ခြေရှိကြောင်း သိရပါတယ်။ရီရီနိုင်ဝင်း - ဧရာဝတီတိုင်း