ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံထားဖို့ ရွှေဝယ်လိုအားတိုးတက်လာမယ်လို့ ခန့်မှန်းကြရာ ဈေးနှုန်း အားနည်းနေတဲ့ ကမ္ဘာ့ရွှေဈေးတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြန်လည်ဦးေ မာ့လာပါတယ်။ အောက်တိုဘာ ၂၄ ရက်က ရွှေ တစ်အောင်စကို ၁၆၉၈ ဒသမ ၃၉ ဒေါ်လာအထိကျ ဆင်းခဲ့ပြီးနောက် အောက်တိုဘာ ၂၉ ရက်မှာ တစ်အောင်စကို ၁၇၁၀ ဒေါ်လာ အထက်ကို ပြန်လည်ရောက် ရှိလာခဲ့တယ်။ ဒါပေမဲ့ ရွှေဈေးနှုန်းဦးမော့လာမှုကို ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးတွေနဲ့ ကုန်စည် ဈေးနှုန်းကျ ဆင်းခြင်းတွေအပြင် စန္ဒီမုန်တိုင်းကြောင့် အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံသူများက အရောင်းအဝယ်သိပ် မလုပ်ကြခြင်းက လည်း ရွှေဈေးနှုန်း ဦးမော့လာတဲ့ အရှိန်ကို အားလျော့စေတယ်လို့ သိရတယ်။ ဒါ့ကြောင့် အောက်တို ဘာ ၂၉ ရက် ဂရင်းနစ်စံတော်ချိန် ၁၁၅၇ GMT မှာ လက်ငင်းအရောင်းရွှေတစ်အောင်စကို သုည ဒသမ ၁ ရာခိုင်နှုန်း ပြန်လည်ကျဆင်းသွားပြီး ၁၇၀၉ ဒသမ ၃ ဒေါ်လာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ Source:reuters.com, ပပ
Background