Main menu

Background

ဈေးအေးလာတဲ့မန်းမြေပဲဆီဆံ

Tue, 09/07/2010 - 07:45 -- Anonymous (not verified)

ဈေးအေးလာတဲ့ မန်းမြေပဲဆီဆံ     မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းအတွင်းမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရှိဒေသများမှလည်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ မိုးမြေပဲဆီဆံ အသစ်များ ဝင်ရောက် လာသော်လည်း ဆီစက်လုပ်ငန်းရှင် ်များမှ ပဲဆီဈေးအေးနေတဲ့အတွက် ကုန်ကြမ်း ပစ္စည်း လိုသလောက်သာ ဝယ်ယူနေကြပြီး ဈေးအေးလာတာကို တွေ့ရပါတယ်။ အသစ်ဝင်ရောက်လာတဲ့ မကွေး မိုးမြေပဲဆီဆံအသစ်က တစ်ပိဿာ ၁၈ဝဝ ကျပ်၊ ၁၈၅ဝ ကျပ်၊ ပြည်ဆီဆံက ၁၈၁ဝ ကျပ်၊ ၁၈၂၅ ကျပ်ဝန်းကျင် ဈေးဖြင့်ရောင်းဝယ် နေကြပြီး၊ အညာဆီဆံ (အဟောင်း) ကတော့ တစ်ပိဿာ ၁၉၄ဝ ကျပ်၊ ၁၉၅ဝ ကျပ်ဈေးရှိသလို အသစ်ဝင်ရောက်လာတဲ့ မိုးမြေပဲဆံတွေမှာ အစိုဓါတ်များရင်တော့ ၁၇၂၅ ကျပ် ဝန်းကျင်ဈေးနဲ့ရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦး မှပြောပြ ချက် အရသိရပါတယ်။ ပဲဆီဈေးအနေနဲ့ကတော့ တစ်ပိဿာ ၃၄ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးရှိပြီး၊ ပဲဖတ်က ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်နေကြ ကြောင်း သိရှိရပါတယ်။ကျော်ကျော်မိုး