Main menu

Background

စင်ကာပူက အခြားလုပ်သားအရင်းအမြစ်ကို ရှာဖွေ

Wed, 01/09/2013 - 06:33 -- ydnar

စင်ကာပူ အလုပ်အကိုင်အေးဂျင့်တွေက ရှိရင်းစွဲနိုင်ငံတွေက နိုင်ငံခြားသား ဆောက်လုပ်ရေးလုပ်သားတွေနဲ့ အိမ်ဖော် တွေကို အရှိန်မြှင့်စုဆောင်း လျက်ရှိသလို အလုပ်သမားရှားပါးမှု ပြဿနာသက်သာစေဖို့အတွက် နည်းလမ်းသစ်တွေကို စူးစမ်းရှာဖွေနေပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအသင်း (စင်ကာပူ)က ကမ္ဘောဒီးယားက အိမ်ဖော်တွေကို ငှားရမ်းဖို့ မျှော်မှန်းထားသလို သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ စုဆောင်းမှုတွေကို မြှင့်တင်ဆောင်ရွက်နေပါတယ်။

အိမ်ဖော်များရရှိနိုင်တဲ့ အရင်းအမြစ်နိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံကို အတည်ပြုပေးဖို့ လူအင်အား ဝန်ကြီးဌာနကို အဆိုပြုထားကြောင်း အသင်းရဲ့ဥက္ကဋ္ဌကာဂျာယာပရီမာက ပြောပါတယ်။ ဒီဇင်ဘာလက ပြည်တွင်းအိမ်ဖော်ရှာဖွေရေးအေးဂျင့် ၃၀ ပါဝင်တဲ့  ကိုယ်စားလှယ်အဖွဲ့ကို အသင်းကဦးဆောင်ပြီး သီရိလင်္ကာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မတ်လအတွင်းမှာ အိမ်ဖော် ၅၀၀ နဲ့ ၁၀၀၀ အကြားရရှိဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ စင်ကာပူမှာ တစ်လကို ရောက်လာ တဲ့ သီရိလင်္ကာအိမ်ဖော် ၁၀၀ မှ ၂၀၀ အထိရှိရာကနေ တိုးတက်လာတာဖြစ်ပါတယ်။ပြည်တွင်းအလုပ်ရှင်တွေက အင်္ဂလိပ်စကားပြောကောင်းတဲ့ အိမ်ဖော်တွေကို ပိုပြီးသဘောကျမယ်လို့ အေးဂျင့်တွေက ခန့်မှန်းထားပါတယ်။ စင်ကာပူနိုင်ငံရဲ့ လူနေမှုဘဝကို ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေက အသားကျနိုင် မကျနိုင် မသေချာတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခင်ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ ထားခဲ့ပါ တယ်။ ယခုအခါမှာ ဘင်္ဂလားဒေ့ရှ် အစိုးရဆွေးနွေးမှု တွေပြန်စဖို့ အသင်းက ကြိုးပမ်းနေ ပါတယ်။ လောလောဆယ် စင်ကာပူမှာ ဘင်္ဂလားဒေ့ရှ် အိမ်ဖော် ၂၀၀ ရှိနေကြောင်းနဲ့ ထပ်တိုးလာနိုင်ဖို့ အလားအလာရှိကြောင်း မစ်ဂျာယာပရီမာက The Straits Times  ကို ပြောပါတယ်။ စင်ကာပူက အိမ်ဖော် ၂၀၈၄၀၀ မှာ အများစုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားအစိုးရက ၂၀၁၂ ခုနှစ် မူဝါဒပြောင်း လိုက်တဲ့အတွက် စင်ကာပူနိုင်ငံမှာ အင်ဒိုနီးရှားအိမ်ဖော်တွေ ရှားပါးခဲ့ပါတယ်။အိုးအိမ်နဲ့ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့(BCA) ကလည်း သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံကလုပ်သားတွေ စုဆောင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းမှာ အသုံးပြုဖို့ဆောင်ရွက်နေပါတယ်။ ဆောက်လုပ်ရေး လုပ်သားတွေရဖို့အတွက် အာဏာပိုင်အဖွဲ့က ဒီနှစ်နိုင်ငံမှာ စစ်ဆေးရေးစင်တာထူထောင်ဖို့ ကုမ္ပဏီတွေကို ခန့်အပ်ခဲ့ပါတယ်။ ဒီနှစ်နိုင်ငံမှာ စစ်ဆေးရေးစင်တာထူထောင်ဖို့  ကုမ္ပဏီတွေကို ခန့်အပ်ခဲ့ပါတယ်။ စင်တာတွေကို မကြာမီတည်ထောင်တော့မှာဖြစ်ပါတယ်။ ဒီစင်တာတွေက ခြောက်လ လေ့ကျင့်ရေး သင်တန်းပေးပြီး ကျွမ်းကျင်မှုလက်မှတ်တွေ ပေးမှာဖြစ်ပါတယ်။ နိုင်ငံခြားသား ဆောက်လုပ်ရေး လုပ်သားအားလုံးက စင်ကာပူမှာ အလုပ်လုပ်ဖို့အတွက် စစ်ဆေးမှုကိုအောင်မြင်ရပါမယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ အလုပ်အကိုင်တွေပိုရှိလာ တဲ့အတွက် စင်ကာပူလာဖို့ဝန်လေးလာကြတဲ့အတွက် စင်ကာပူရှိ အလုပ်ရှင်တွေက ယခုလိုဆောင်ရွက်မှုကို ကြိုဆိုခဲ့ပါတယ်။