Main menu

Background

စိုက်ပျိုးသူ စားသုံးသူအတွက် အကျိုးသက်ရောက်စေမယ့် မုံရွာခရိုင်ရဲ့ နေကြာဈေးကွက်

Mon, 02/18/2013 - 08:20 -- ydnar

ဆီထွက်သီးနှံအုပ်စုမှာ မြေပဲနဲ့ နှမ်းမျိုးစုံကို ဒေသတွင်းစက်မှုနဲ့ လူ သုံးကုန်အဖြစ် ဦးစားပေး ဝယ်ယူ ကြိတ်ခွဲရောင်းချနေတဲ့အပြင် ပြည်ပ ဈေးကွက်အထိပါရောင်းဝယ်မှု တွင် ကျယ်လာတဲ့အတွက် ပစ္စုပ္ပန် ဆီ ထွက်သီးနှံဈေးကွက်မှာ အထက် ဈေးနဲ့တင့်တယ်နေခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ် ဆီထွက်သီးနှံ ဈေးကွက်မှာ မြေပဲဆန်နီတစ်ပိဿာ  ၁၉၀၀ ကျပ်၊ မြေပဲဆန်ဖြူတစ် ပိဿာ ၁၉၀၀ ကျပ်၊ လုံးဆန်တစ် တင်း ၃၂၅၀၀ ကျပ်၊ နှမ်းဆီတစ်ပိ ဿာ ၃၉၀၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၅၀၀ ကျပ်၊ စားဆီ တစ်ပိဿာ ၁၅၅၀ ကျပ်၊ အသီးသီး ဈေးမာနေ ခိုက်မှာ နေကြာတစ်တင်း ၉၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာ ၃၆၀၀ ကျပ်ဈေးမှာ မျက်နှာငယ်နေတာ တွေ့ရပါတယ်။

ဈေးကွက်ရဲ့ လိုအပ်ချက်၊ စား သုံးသူတွေရဲ့ ရွေးချယ်မှုတွေအရ ဗဟုသုတရှိတဲ့ လူတန်းစားတွေက ကျန်းမာရေးနဲ့ညီ ဈေးနှုန်းလဲ တင့် သင့်တဲ့ နေကြာဆီကို ယခင်ကထက် စားသုံးမှု  ပိုများလာတယ်လို့ ကုန် သည်လောက ကကြားသိရပါတယ်။ မုံရွာခရိုင်အတွင်းမှာ မနှစ်က မိုးသီးနှံအစားရော ဆောင်းသီးနှံ အတွက်ပါ ဧက ၂ သိန်းနီးပါးစိုက်ပျိုး ခဲ့ကြပြီး၊ မူလလျာထားဧကထက် ၄ သောင်းနီးပါး တိုးချဲ့စိုက်ပျိုးလာတာ တွေ့ရပါတယ်။ ဒေသထွက်နေကြာ ကို နေကြာစေ့ေ လှာ် အသုံးထက် နေကြာဆီအသုံးက ပိုမိုများပြားပြီး၊ ဒေသတွင်း ဆီစက်ငယ်တွေမှာ ကြိတ်ခွဲပြီး၊ မိသားစု စားသုံးမှု ပိုလျှံမှ ဈေးကွက်ကို တင်ပို့ရောင်းချတာ တွေ့ရပါတယ်။ အနာဂတ် နေကြာ စိုက်ပျိုးမှု တိုးတက်လာစေမယ့် အဓိက အကြောင်းတရားတွေကတော့ ကျန်းမာရေး လိုအပ်ချက်အရ နေ ကြာဆီသုံးစွဲမှု တိုးတက်လာနိုင်ခြင်း၊ စိုက်ပျိုးသူ၊ ကြိတ်ခွဲသူနဲ့ ရောင်းချသူ၊ စားသုံးသူတွေအတွက်မျှတတဲ့အကျိုး အမြတ်ရရှိနိုင်ခြင်းအပြင် သွယ်ဝိုက် ကောင်းခြင်းအားဖြင့်ဒေသတွင်းစီးပွား ဖြစ် ပျားရည်ထုတ်လုပ်မှုကို အဓိက အထောက်အပံ့ပြုနေခြင်းတို့ကြောင့် ပိုမိုစိုက်ပျိုးထုတ်လုပ်သင့်တဲ့ ဆီထွက် သီးနှံအဖြစ် မှတ်တမ်းတင်လိုက်ရပါ တယ်။       ထွန်းလှိုင် - မုံရွာ