ဝါရှင်တန် လေကြောင်းလိုင်းရဲ့ ဘိုရင်း ၇၈၇ ခြောက်စီးကိုမေ ၁၂ ရက်အထိ အသုံးမပြုဘဲ ထားရမှာဖြစ်ကြောင်း ယူနိုက်တက် အဲလိုင်းက ဖေဖော်ဝါရီ ၂၁ ရက်ကပြောပါတယ်။ ၇၈၇ ဒရင်းလိုင်နာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေကြောင်းလိုင်းက ယခုလို ဆုံးဖြတ်ရတာက ဘက်ထရီ ပြဿနာကို တစ်ကမ္ဘာလုံးက မဖြေ ရှင်းနိုင်သေးလို့ဖြစ်ကြောင်း AFP သတင်းမှာဖော်ပြပါတယ်။
ဆိုးလ် တောင်ကိုရီးယားနိုင်ငံရဲ့ အလုပ် အကိုင်ခန့်ထားမှုက ပြည့်စုံတဲ့အဆင့် သို့ ရောက်ရှိလုနီးပါးဖြစ်တဲ့ အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ထောင် စု ဝင်ငွေက ကိုးနှစ်အတွင်းအမြင့်ဆုံး ကို ရောက်ရှိ ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာ အိမ်ထောင်စု ဝင်ငွေ ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ရှင်ဝါသတင်း မှာ ဖော်ပြထားပါတယ်။
ကိုလံဘို နိုင်ငံခြားသားများကို ရောင်းချ ထားတဲ့ အိမ်ခြံမြေတွေကို ပေယျာလ ကန် ထားတဲ့အတွက် နိုင်ငံခြားသား များအားမြေရောင်းချမှုကိုသီရိလင်္ကာ နိုင်ငံက ဖေဖော်ဝါရီ ၂၁ ရက် က ပိတ်ပင်လိုက်ပါတယ်။ နှစ် လေးဆယ် ကြာ ပြည်တွင်းစစ် ဖြစ်ခဲ့ရာမှ ပြန် လည် နာလန်ထူလာတဲ့ အတွက် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ စက်မှု လုပ် ငန်းတွေအတွက် ပြည်တွင်း ဝယ်လို အားမြင့်မားမှုကြောင့် ယခုကဲ့သို့ ပိတ် ပင်တာကို ဝန်ကြီးအဖွဲ့က အတည်ပြု ပြီးဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ဟနွိုင် သွင်းကုန်နဲ့ပို့ကုန်လုပ်ငန်း တွေ စွမ်းဆောင်ရည်တိုးမြှင့်လာဖို့အတွက် ဗီယက်နမ်မှာအသစ်တည်ဆောက်မဲ့ အကောက်ခွန်စီမံကိန်းတွေမှာအလို အလျှောက်ကုန်စည်စစ်ဆေးမှုနဲ့အ ကောက်ခွန်ဒေတာဘေ့စ်ကိုထည့်သွင်း မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို ဂျပန်အစိုးရက ဘဏ္ဍာရေးနဲ့ နည်း ပညာ အကူအညီ ပေးမှာဖြစ်ပြီး ယခု နှစ်ကုန်မှာလက်တွေ့လုပ်ငန်း ဆောင် ရွက်မှာ ဖြစ်ကြောင်း VNS သတင်း မှာ ဖော်ပြပါတယ်။