Main menu

Background

ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုလျော့

Tue, 03/12/2013 - 05:54 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်းမှာ နှမ်း ၆၇၃ ဒသမ ၉၂ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၃ တန်၊ ဂျပန်နိုင်ငံကို ၁၈၀ တန်၊ ကိုရီးယားနိုင်ငံကို ၃၆၃ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၂၇ ဒသမ ၉၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှုမှာ ကိုရီးယား နိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်းနှမ်း ၇၂၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နှမ်း တင်ပို့ မှု တန်ချိန် ငါးဆယ်ကျော်လျော့နည်းခဲ့ပါတယ်။
လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် သုံးထောင်နီးပါးရှိခဲ့ပြီး ဝင်ငွေက ကန်ဒေါ်လာ ငါးဆယ့်ခြောက်သိန်းကျော် ရရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ငါးထောင်နီးပါးရှိခဲ့ တာကြောင့် ဖေဖော်ဝါရီလမှာ နှမ်းတင်ပို့မှု တန်ချိန် တစ်ထောင့်ရှစ်ရာကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                               MIRT- MAPT