Main menu

Background

မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပ

Tue, 04/09/2013 - 13:11 -- ydnar

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းရဲ့ ပထမအကြိမ်မြောက် နှစ်ပတ်လည်အ သင်းသားစုံညီအစည်းအဝေးကို မတ် ၂၄ ရက်က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းရုံး  အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်းင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ လားရှိုးမြို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်နဲ့မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (ရန်ကုန်) မှ အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်အသင်းမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်များ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်ဒိုင်များမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် များ၊ ဒေသခံကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည် လုပ်ငန်းရှင်များနဲ့ အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက် ခဲ့ကြပါတယ်။

မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်း နှစ်ပတ်လည်အခမ်းအနားမှာ မူဆယ်ခရိုင် အုပ် ချုပ်ရေးမှူး ဦးမိုးဟိန်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာ န ညွှန်ကြားရေးမှူး ဦးဦးဟန်၊ လားရှိုးမြို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ လက်ေ ထာက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ရန်ကုန်) မှ အလုပ်အမှုဆောင် ဦးအာယု၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌ ဦးဟန်စိန်နှင့် မူဆယ်မြို့နယ် ဆန်စပါးလုပ် ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးဦးတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့တယ်လို့သိရပါတယ်။ မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းကို ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်မှာ ဖွဲ့စည်းခဲ့ပြီး၊ အဲဒီကာလပိုင်းမှာ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တစ်နိုင်ငံလုံးမှာ ဆန်စပါးလွတ်လပ်စွာစီးဆင်းခွင့်ပြုခဲ့တာကြောင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် နဲ့ စစ်ကိုင်းတိုင်းဒေ သကြီးစတဲ့ ဒေသတွေက ဆန်တွေအများကြီး မူဆယ်မြို့ကို စီးဝင်လာတဲ့အချိန် ဖြစ်ပါတယ်။ ဆန်စီးဝင်လာတဲ့ အဓိက ကိစ္စကတော့ ရန်ကုန်ဆိပ်ကမ်းကနေ နိုင်ငံခြားကို တင်ပို့တဲ့ FOB ဆန်ဈေးနှုန်းထက် တရုတ်နိုင်ငံက ဝယ်ယူနေတဲ့ မူဆယ်နယ်စပ်ဒေသ ဆန်ဈေးနှုန်းက ပိုမိုရရှိခဲ့ တာကြောင့် ဆန်ကုန်သည်အများ အပြားက မူဆယ်ကို အလုအယက် ဆန်တွေတင်သွင်းခဲ့တာပဲ ဖြစ်ပါ တယ်။ အဲဒီလို မူဆယ်ဒေသမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ ဆန်ဈေးကွက်ကြီးဖြစ်ပေါ်နေတဲ့အချိန်မှာ မူဆယ် မြို့မှာ ဆန်စပါးလုပ်ငန်းရှင်အသင်း စတင်ဖွဲ့စည်းဖို့လို  အပ်ချက်အရ ဒီအသင်းကို စတင် ဖွဲ့စည်းခဲ့တာ လည်းဖြစ်ပါတယ်။မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လဆန်းကနေစပြီး၊ မူဆယ်ဆန်စပါးကုန်စည်ဒိုင် (ယာယီ) ကိုဖွင့်လှစ်ခဲ့ပြီး ဆန်အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါတယ်။   မူဆယ်ဆန်စပါးကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကျင်းပပြုလုပ်ပြီး မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ကို အမြဲတမ်းအဖြစ် ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်။ အခုတော့ ဒီကုန်စည်ဒိုင်လုပ်ငန်းများ ကို မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းက ယာယီကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ တစ်နေ့တခြား ပိုမိုတိုးတက်လာတဲ့ မူဆယ်ဒေသနဲ့ တစ်ဖက်နိုင်ငံအကြား ဆန်ရောင်းဝယ်ဖောက်ကားနေမှု တွေကြောင့် မကြာခင်ကာလတွေမှာ မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းနဲ့ မူဆယ် ဆန်စပါး ကုန်စည်ဒိုင်တို့ဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မှာဖြစ်ပါကြောင်း မြင်ယောင်နေမိပါတယ်ဗျာ။ဝင်းမြင့်ဦး-လားရှိုး