Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Tue, 05/28/2013 - 13:20 -- ydnar

ဂျပန် ဂျပန်နိုင်ငံ နစ်ဆန်းကားကုမ္ပဏီ  သည် ၎င်းင်းတို့ကုမ္ပဏီမှ ထုတ်လုပ် သည့် နစ်ဆန်းကားရှစ်သောင်း ကို ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ ကုမ္ပဏီမှ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ခုနှစ်အတွင်း ထုတ်လုပ် လိုက်သည့်  Nissan Micra ကားများ တွင်တပ်ဆင်ထားသည့်  စတီယာရင် များ၌ ဝက်အူများမှာ၎င်းင်းစတီယာရင် နှင့်ကိုက်ညီမှုမရှိသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ပြန်လည် သိမ်းယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းသိရသည်။


 
သြစတြေးလျ အမေရိကန်၏  နာမည်ကျော် ဖို့ဒ် ကားကုမ္ပဏီသည် သြစတြေးလျ ရှိ ၎င်းင်းတို့၏ ဖို့ဒ်ကားထုတ်လုပ်သည့် စက်ရုံကို၂၀၁၆ခုနှစ် အောက်တိုဘာ လတွင်ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။  သြစတြေးလျရှိ ဖို့ဒ်ကား ထုတ်လုပ်သည့်စက်ရုံမှ လွန် ခဲ့သည့်ငါး နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၅၈၀ခန့် အရှုံးပေါ်ခဲ့ သဖြင့် ယခုကဲ့သို့ရပ်ဆိုင်းရန်ဆုံးဖြတ် ရခြင်းဖြစ်ကြောင်းဖို့ဒ်ကားကုမ္ပဏီ မှ ထုတ်ဖော် ပြောကြားခဲ့သည်။
အိန္ဒိယ ကမ္ဘာကျော်  တာတာစတီးလ် ကုမ္ပဏီသည် ပထမလေးလပတ် အတွင်းရူပီး၆၂ဒသမ၂၉ဘီလီယံ (အမေရိကန်ဒေါ်လာ၁ဒသမ၂ဘီလီယံ) ကျော်အရှုံးပေါ်ခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့အရှုံးပေါ်ရခြင်းမှာဥရောပ ဈေးကွက်မှ ဝယ်ယူမှုကျဆင်းလာ ခြင်းကြောင့်ဖြစ်ကြောင်း တာတာ စတီးလ်ကုမ္ပဏီကထုတ်ဖော်ပြောကြား ခဲ့သည်။ ဥရောပတွင် စီးပွားရေးပြန် လည်နာလန်ထူရန် လုပ်ဆောင်နေချိန် ဖြစ်သဖြင့် ယခုကဲ့သို့ဝယ်လိုအားများ ကျဆင်းရခြင်းဖြစ်ကြောင်းထပ်မံပြော ကြားခဲ့သည်။
တောင်ကိုရီးယား တောင်ကိုရီးယား ဆမ်ဆောင်း  အီလက်ထရွန်နစ်ကုမ္ပဏီမှထုတ်လုပ် လိုက်သည့် Samsung Galaxy S4 ဖုန်းအလုံးရေ  ၁၀သန်း ရောင်းချခဲ့ရ ကြောင်းတောင်ကိုရီးယားရှိဆမ်ဆောင်း ကုမ္ပဏီကထုတ်ပြန်ကြေညာခဲ့သည်။ ဆမ်ဆောင်းဂလက်ဆီအက်စ်ဖိုး ဖုန်း များကို နိုင်ငံပေါင်း၆၀တွင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး နောက်လများတွင် နိုင်ငံ ပေါင်း ၁၅၅ နိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီပေါင်း ၃၂၇ခုနှင့် ချိတ်ဆက် ကာ ဈေးကွက်တိုးချဲ့ ရန်စီစဉ် ထား ကြောင်းကုမ္ပဏီက ပြောကြားသည်။