Main menu

Background

ဓာတ်မြေသြဇာဈေးနှုန်းများ (24-6-13)

Thu, 06/27/2013 - 11:33 -- ydnar

သြဂဲနစ်နဲ့ ကွန်ပေါင်းမြေသြဇာများဝင်
 
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ လေးသိန်း ရှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၁၆၉၂ တန်ကို ပင် လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းလာခဲ့တဲ့ မြေ သြဇာတွေမှာ ထိုင်းနိုင်ငံမှ  NPK မြေသြဇာ တန်ချိန် ၇၂၀ ၊ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၇၂၀ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၂၅၂ တန်ဖြစ်ပါတယ်။ ဒီ တစ်ပတ်မှာ NPK  နဲ့ ကွန်ပေါင်းမြေသြဇာအများဆုံးတင်သွင်းလာတာ တွေ့ရပါ တယ်။ ဒီအချိန်က မြေသြဇာအသုံး ရှိနေတာကြောင့် ရေကြောင်းလမ်းမှ ဆက်တိုက် ဆိုသလို တင်သွင်းလာတာတွေ့ရပါတယ်။          MIRT (DOT)

 
ရာသီမိုးကောင်းနေသလို ဈေးသွက်လာခဲ့တဲ့ ဓာတ်မြေသြဇာ
ပြည်တွင်းကို ဇွန်လ ၉ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ရေလမ်းမှ မြေသြဇာ တန်ချိန်တစ်ထောင့်ခြောက် ရာကျော်ဝင်ခဲ့တယ်လို့သိရပါတယ်။ယခင်တစ်ပတ်ထက် ဒီတစ်ပတ်မှာမြေသြဇာအဝင်များခဲ့တယ်လို့ဆိုရပါမယ်။ နယ်စပ်လမ်းမှမြေသြဇာ အဝင်ကဒီတစ်ပတ်မှာတန်ချိန်တစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး ယခင်တစ် ပတ်အဝင်မှာတန်ချိန်တစ်သောင်းငါးထောင်ကျော်ရှိတာကြောင့်ဒီတစ်ပတ်မှာတန်ချိန် ရှစ်ရာရှစ်ဆယ်ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒီအချိန်ကမြေသြဇာအသုံးများ တာကြောင့်နယ်စပ်လမ်းနဲ့ရေလမ်း မှမြေသြဇာများ အဝင်များနေတယ်လို့သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့မော်လမြိုင်၊ပဲခူးမှာဈေးငြိမ်နေပေမဲ့တောင်ကြီး၊ မကွေး၊ရန်ကုန်မှာဈေးနည်းနည်းကျ လာတယ်လို့ သိရပါတယ်။ မိုးကျလာတာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ်လိုက်လာတယ် လို့ို့သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်  လိုက်တယ် လို့ သိရပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့မြေသြဇာဈေးကမပြောင်းဘဲ ငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲအ ရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်း တွေမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပုလဲ-အသေး ၄၆%(ရွှေတုံး၊ရွှေ ပျား၊ ရွှေတောင် -တရုတ်) ၂၁၀၀၀ကျပ်၊ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅(ထိုင်း) ၃၆၀၀၀ကျပ်၊ ကွန် ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၀၀၀ကျပ်၊ ကွန်ပေါင်း၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)၂၁၅၀၀ကျပ်၊တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်)၁၁၀၀၀ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ဈေးကွက် အတွင်းမှစုံစမ်းရရှိခဲ့ပါတယ်။ တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ်သွက် တယ်လို့သိရပါတယ်။ မိုးနဲ့အပြိုင်အရောင်းအဝယ်ကကောင်းလာတယ်။ အရောင်း အဝယ်ဖြစ်ပေမဲ့ဈေးကဒီတစ်ပတ်မှာ ကျလာတယ် လို့သိရပါတယ်။ ဒီလိုဈေးကျ တာကလည်း ဝယ်ရင်းဈေးကျသလို သယ်ယူခ ဈေးကျတာကြောင့်လို့ သိရပါတယ်။ ဈေးကွက်ထဲ ယူရီးယား-ပုလဲ ၁၃၀၀ ကျပ်ဈေးကျသလိုတီစူပါ(၁၂%)၁၇၀၀ ကျပ်၊ တီစူပါ(၁၆%) ၁၅၀၀ ကျပ်၊ တီစူပါ(၁၅း၁၅း၁၅) ၅၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅) ၁၅၀၀ ကျပ်၊ ဓါတ်ဆား ၁၀၀၀ ကျပ်၊ ပိုတက် ၃၅၀၀ကျပ်၊ ယူရီးယား၁၀၀၀ကျပ်၊ မြှားကမ္ဘာ ၁၂၀၀ကျပ်ဈေးကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၁၉၅၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅(တရုတ်) ၁၄၀၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၄၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ် လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။ မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကအရင်တစ်ပတ်က အရောင်းသွက် သလို ဒီတစ်ပတ်မှာလည်း အရောင်းသွက်တယ်လို့ သိရပါတယ်။ ဒီအချိန်က နှမ်း၊ပဲ စိုက်တဲ့အချိန်ဖြစ်တာကြောင့် အရောင်းသွက်တယ်။ ဒိတစ်ပတ်မှာတော့ မြှားကမ္ဘာ မြေသြဇာကသုံးရာကျပ်ဝန်းကျင်ဈေးကျလာသလို ဆင်(၁၀း၁၀း၅)ကငါးရာကျပ်ဈေး ကျတယ်လို့ သိရပါတယ်။ယူရီးယား၊ အောင်ကမ္ဘာနဲ့ တောင်သူမက ဈေးနည်းနည်း မြင့်လာတယ်လို့ဆိုပါတယ်။ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ မြှားကမ္ဘာ- တရုတ် ၁၂း၁၃ (အပြာ) ၁၅၁၅၀ ကျပ်၊ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၅၂၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၅၀၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၅၀၀၀ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၁၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၃၀၀ ကျပ်၊ပိုတက်၂၅၀၀၀ ကျပ်၊ တောင်သူမ ၁၅၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းသွက်တယ် လို့မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။ အရောင်းသွက် ပေမဲ့ဈေးကအတက်မရှိဘဲ အနည်းငယ် ကျလာတယ်လို့သိရပါ တယ်။ ဈေးကျ တာ ကလည်း ယူရီးယား မြေသြဇာသာ နှစ်ရာဝန်းကျင်ဈေးကျလာပြီး တီစူပါ မြေသြဇာကနှစ်ရာ ဝန်းကျင် ဈေးမြင့် လာပြီးကျန်မြေသြဇာကဈေးငြိမ်နေတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများ မှာ ယူရီးယား(နေရွက်လှေ-တရုတ်) ၁၈၈၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၀၂၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၅၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၆၀၀၀ ကျပ် ၊ ကွန်ပေါင်း(၁၅း၁၅း၁၅) (ထိုင်း) ၄၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ ၃၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။MIRT (DOT)