နယူးယောက် အမေရိကန် ဗဟိုဘဏ်က ငွေ ကြေးတွန်းအားအစီအစဉ်ကိုလျှော့ချ မှုအပြင် တရုတ်နိုင်ငံရဲ့ ကုန်ချော ထုတ်လုပ်မှု ကိန်းဂဏန်းအချက်တွေ ကျဆင်းမှုတို့ကြောင့် ရေနံဈေးနှုန်း က ဇွန် ၂၀ ရက်က အကြီးအကျယ် ကျဆင်းခဲ့ရာ ခုနှစ်လမြောက်ကျဆင်း ခဲ့တာ ဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ နယူးယောက်ဈေး အောက် ၂ ဒသမ ၈၄ ဒေါ်လာကျ ဆင်းပြီး တစ်စည်ကို ၉၅ ဒသမ ၄၀ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။
ဘရပ်ဆဲလ် ယူရိုစားသုံးသူယုံကြည်မှုက ဇွန် လအတွင်းမှာ တိုးတက်ကောင်းမွန်ခဲ့ ပါတယ်။ ထို့အတူ စီးပွားရေးလုပ်ငန်း တွေရဲ့ကျဆင်းမှုကလည်း ထပ်မံ လျော့ကျသက်သာကြောင်း ဇွန် ၂၀ ရက်က ပြုလုပ်တဲ့ စစ်တမ်းမှာတွေ့ရ ပါတယ်။ ဒါကြောင့် ယူရိုဇုန်ရဲ့ စီးပွား ရေး ဆုတ်ကပ် အဆုံးသတ်တော့မဲ့ လက္ခဏာတွေ တွေ့ရကြောင်း လေ့ လာဆန်းစစ်သူတွေကပြောပါတယ်။ အဖွဲ့ရဲ့ စားသုံးသူ ယုံကြည်မှုညွှန်း ကိန်းက မေလမှာ ၂၁ ဒသမ ၉ မှတ် ကနေ ဇွန်မှာ ၁၈ ဒသမ ၈ မှတ် သာရှိခဲ့ပါတယ်။
ဘန်ကောက် အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထူလာပြီဖြစ်တဲ့အတွက် စီးပွားရေး တွန်းအားပေးအစီအမံ တွေ ဒီနှစ်မှာ လျှော့ချမယ်လို့ အမေ ရိကန်ဗဟိုဘဏ်မှ ဘင်ဘာနန်ကီက ပြောကြားပြီးနောက်ပိုင်း ကမ္ဘာ့ ရွှေ ဈေးက သုံးနှစ်အတွင်း အနိမ့်ဆုံး ကျ ဆင်းခဲ့ပါတယ်။ လက်ငင်းဈေးကွက် က ရွှေဈေးက ဇွန် ၂၀ ရက်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီးတစ် အောင်စကို၁၃၀၄ ဒသမ ၅ဒေါ်လာ နှုန်း ဖြစ်ခဲ့ပါတယ်။ နယူးယောက် ဈေး ကွက် ရွှေတုံးဈေးက ၅ ဒသမ ၁ရာခိုင်နှုန်းကျဆင်းပြီး တစ်အောင်စ ကို ၁၃၀၃ ဒသမ ၃၀ဒေါ်လာနှုန်း ရှိခဲ့ပါ တယ်။
ဆိုးလ် စမတ်ဖုန်းတွေ အပူလွန်ကဲမှုက ကမ္ဘာတစ်ဝန်းရှိအသုံးပြုသူတွေကို ပြဿနာတစ်ခုလိုဖြစ်နေတာတစ်စစ ကြီးထွားနေပါတယ်။ ဒါကြောင့် စမတ်ဖုန်း ပြုလုပ်သူအချို့က အနုစိပ် ကျပြီး ရေအေးပေးပိုက်နည်းပညာကို ထည့်သွင်းတော့မယ်လို့အအေးပေး မိုကျူးထုတ်လုပ်သူတွေကပြောပါတယ်။ ဆမ်ဆောင်းအီလက်ထရွန်းနစ်၊အက်ပဲ နဲ့ HTC တို့ကအအေးပေး နည်းပညာ ကိုသူတို့ ဖုန်းတွေထဲ ထည့်ပေးဖို့ စိတ်ဝင်စားမှု ပြလာပါတယ်။