ဗီယက်နမ် ရွှေဈေးက သုံးနှစ် အတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိခဲ့တဲ့ အတွက် ရွှေအဝယ်က အလုအယက် လိုက်လာပြီး ဇွန် ၂၈ ရက်မှာ ကုန်လွန် ခဲ့တဲ့ ရက်သတ္တပတ်နောက်ပိုင်း ပြန် လည် ဦးမော့လာကြောင်း VNS သတင်းမှာ ဖော်ပြထားပါတယ်။
ဇွန် ၂၈ ရက် သောကြာနေ့က ရွှေ အတုံးအရောင်းအဝယ်နှုန်းက ကျဆင်း ခဲ့ပြီး ဗီယက်နမ်အလေးချိန်တစ်တီး (Tael) ကို ဗီယက်နမ်ဒေါင် ၃၅ သန်း အထိကျဆင်းခဲ့ရာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာနောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါ တယ်။ (တစ်တီး=၁ ဒသမ၂ အောင်စ ရှိပြီး ၁ ဒေါ်လာ=၂၁၁၈၀ ဗီယက်နမ် ဒေါင် နီးပါးရှိပါတယ်။) ဇွန် ၂၈ ရက်နေ့က ဗီယက်နမ် နိုင်ငံတော်ဘဏ်မှာ ရွှေလေလံပွဲပြုလုပ် တဲ့အခါ ချေးငွေ အဖွဲ့အစည်းတွေ ရွှေတီး ၄၀၀၀၀ ချက်ချင်းဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ဝယ်လိုအား များလာတဲ့အတွက် ဇွန် ၂၉ ရက် စနေနေ့မှာ တစ်တီးကို ဗီယက်နမ် ဒေါင် ၃၇ သန်းက ၃၈ သန်းထိ ပြန် တက်လာပါတယ်။ ဟိုချီမင်း စီတီနဲ့ ဟနွိုင်းတို့လို မြို့ကြီးတွေမှာရှိတဲ့ အထင် ကရရွှေဆိုင်တွေမှာ လူတွေတန်းစီနေ တာ အသွားအလာ ပိတ်ဆို့တဲ့အထိ ဖြစ် ခဲ့ပါတယ်။ ဝယ်လိုအား တစ်ရှိန်ထိုးမြင့် လာတဲ့အတွက် ရွှေဈေးက ဇွန် ၂၈ ရက်ကနဲ့နှိုင်းယှဉ်ရင် တစ်တီးကို ဒေါင် ၆ သန်းထိ မြင့်တက်လာပါတယ်။ ပြည်တွင်းဈေးကွက်နဲ့ အပြည် ပြည်ဆိုင်ရာဈေးကွက်တွေရဲ့ ပြောင်းလဲ မှုက ထပ်တူမကျနိုင်ဘူးလို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။ ဒါပေမဲ့ လာမဲ့ ရက်ပိုင်းတွေမှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ဈေးနဲ့ ပြည်တွင်းဈေးကွက် ဈေးနှုန်းတွေက တစ်တီးကို ဗီယက်နမ် ဒေါင် ၃ သန်းလောက်ပဲ အဟ ရှိနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။ ဗီယက်နမ်ဝယ်လက်တွေက ကမ္ဘာ့ ဈေးကွက်ထဲမှာဖြစ်နေတဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွမ်း ကျင်သူတွေ ပြောဆို သတိပေးတာကို နားမဝင်ဘဲ စွန့်ဝယ်ဖို့ပဲ အာရုံစိုက်နေ ကြပါတယ်။ ဝယ်လိုအား ရုတ်တရက် တက် လာပြီး လက်ကျန်နည်းလာတဲ့ အတွက် ဖောက်သည်တွေက စာရွက်တွေ ပေါ် မှာပဲဝယ်ယူပြီး ရွှေကို လကုန်မှ လက်ခံ ရယူဖို့ သဘောတူ ခွင့်ပြုကြရပါတယ်။ ဇွန် ၂၈ ရက်နေ့က ဝယ်သူတွေ က ပုံမှန်ထက်သုံးလလောက်ပိုများလာ လို့ ရွှေကရောင်းမလောက်အောင် ဖြစ် သွားကြောင်း ဟိုချီမင်းမှာရှိတဲ့ ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။