Main menu

Background

နှစ်နှစ်အတွင်း ကမ္ဘာ့ဆန်စားသုံးမှုသည် အမြင့်ဆုံးအဖြစ် စံချိန်တင်မည်ဟု USDA ခန့်မှန်း

Fri, 01/08/2010 - 07:54 -- Anonymous (not verified)

    

     ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှုက ၂ဝဝ၈-၂ဝဝ၉ ကထက် ၃ ရာခိုင်နှုန်းကျဆင်းသွား မယ်လို့ ခန့်မှန်းရာ ၅ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဆန် ထုတ်လုပ်မှုကျဆင်းခြင်းဖြစ်တယ်လို့ USDA  ရဲ့ စီးပွားရေးသုတေသန ဝန်ဆောင်မှု လုပ်ငန်းမှ ဆန်ဈေးကွက် လေ့လာဆန်းစစ်သူ Nathen Childs  က ဆိုပါတယ်။ ဆန်ထုတ်လုပ်မှုကျဆင်းရခြင်း အဓိကအကြောင်း အရင်းမှာ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဘရာဇီးလ်တွင် ဆန်စိုက်ပိုျးဧက လျော့နည်းသွားပြီဖြစ်ကြောင်း သိရပါတယ်။
      ဒါပေမယ့် ၂ဝဝ၉-၂ဝ၁ဝ တွင် ကမ္ဘာ့ဆန်ကုန်သွယ်မှုက ၆ ရာခိုင်နှုန်းမြင့်မားမယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်တို့မှ ဆန်တင်ပို့မှု တိုးခဲျ့မြှင့်တင်မယ်မျှော်လင့်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယဟာ ဆန်ထုတ်လုပ်မှု လျော့နည်းသွားသော်လည်း ဘာစမာတီဆန်တင်ပို့မှုကို မြှင့်တင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဖိလစ်ပိုင်၊ ဘရာဇီးလ်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှလည်း ဆန်တင်သွင်းမှုပိုမိုလာမယ်လို့ ခန့်မှန်းကြပါတယ်။
     ဒါ့အပြင် ၂ဝဝ၉-၂ဝ၁ဝ တွင် ကမ္ဘာ့ဆန်စားသုံးမှုနှုန်းသည် အမြင့်ဆုံးအဖြစ် စံချိန်တင်မယ်လို့ Child ကဆိုပါတယ်။ ဒါကြောင့် ကမ္ဘာ့ဆန်သိုလှောင်ထားရှိမှုကို လျော့နည်းစေမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ၂ ရာခိုင်နှုန်းသာ လျော့နည်းမှာဖြစ်ပြီး သိုလှောင်မှု၊ အသုံးပြုမှုအခိုျးကို များစွာထိခိုက်မှုမရှိစေကြောင်း သိရပါတယ်။