Main menu

Background

ပြည်ပဲပုပ်ဈေးကွက် ယခင်နှစ်ထက် အရောင်းအဝယ်ကောင်းခဲ့

Mon, 01/06/2014 - 06:34 -- ydnar

ပြည်ပဲပုပ် သီးနှံများ ဈေးကွက် အတွင်းကိုပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှ ဆက်တိုက် ဝင်ရောက်လာခဲ့သော်လည်း ပဲပေါ်စ အချိန်ဖြစ်ပြီး၊ တစ်ရက်အိတ် ၄၀ ခန့် သာဝင်ရောက်မှုရှိခဲ့ပါတယ်။ ပဲပုပ် အသစ်ဈေးမှာ တစ်တင်း ၁၉၅၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ အရောင်း အဝယ် ဖြစ်ခဲ့တဲ့အတွက် ယခင်နှစ်က ဈေးထက်တော့ ဈေးပိုရနေခဲ့ပါတယ်။ ယခင်နှစ်က နှစ်ဆန်းပိုင်း ပဲပုပ်ဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရရှိခဲ့ တဲ့အတွက် ယခုနှစ်ပဲပုပ်ဈေးဆက် ကောင်းမလား၊ တောင်သူအချို့ မျှော် လင့်နေကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်