Main menu

Background

စင်ကာပူ အိမ်ရောင်းချမှု နှစ်စမှာ တိုးတက်မှု နှေးကွေး

Mon, 02/24/2014 - 11:17 -- ydnar

အိမ်ခြံမြေလုပ်ငန်းမှာ ထိန်းချုပ်မှု တွေဆောင်ရွက်ခဲ့ပြီးနောက် အိမ်ခြံမြေ ဆောက်လုပ်သူတွေ အရောင်းကျသွား တဲ့အတွက် စင်ကာပူရဲ့ဇန်နဝါရီ အိမ် ခြံမြေအရောင်းက ၂၀၀၉ ခုနှစ် နောက်ပိုင်း တိုးတက်မှု အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ တွေ့ရပါတယ်။ အိမ်ရောင်းချမှုက လွန်ခဲ့တဲ့တစ် နှစ်အလားတူက ၂၀၂၈ ခုရှိခဲ့ရာမှ ၇၂ ရာခိုင်နှုန်းကျဆင်းပြီး ယခုနှစ်မှာ ၅၆၅ ခုရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်တဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အာ ဏာပိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါ တယ်။ ဇန်နဝါရီမှာရောင်းချရတဲ့ အိမ် အရေအတွက်က ၂၀၀၉ ခုနှစ် ဇန်နဝါရီ နောက်ပိုင်းအနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ ထို စဉ်ကရောင်းချရတဲ့အရေအတွက်က ၁၀၈ လုံးသာရှိခဲ့တာကို ကောက်ယူရရှိ ထားတဲ့ အချက်အလက်တွေအရ သိရ ပါတယ်။

"ဝယ်လက်တွေက အိမ်ဝယ်ဖို့စိတ် ပါဝင်စားမှုနည်းတဲ့အတွက် အသေးစား စီမံကိန်းတွေဆောင်ရွက်နေတဲ့ အိမ်ရာ ဆောက်လုပ်သူတွေက ဈေးကွက်ကို ခပ်ခွာခွာနေကြတဲ့အတွက် ဈေးကွက် ထဲမှာ အိမ်အရောင်းအဝယ်မဖြစ်စ လောက်သာရှိခဲ့ပါတယ်" လို့ Y Savills Plc ကုမ္ပဏီရဲ့ စင်ကာပူအခြေစိုက် ဒါရိုက်တာအေလန်ချောင်းကပြောပါ တယ်။ သုံးလပတ်အတွင်းအိမ်အရောင်း အလုံးရေ ၁၀၀၀ အထိကျဆင်းနိုင် တယ်လို့ဆိုပါတယ်။ စင်ကာပူမှာအိမ်ခြံမြေလုပ်ငန်း ကိုထိန်းချုပ်ဖို့လှုပ်ရှားမှုကို တိုးချဲ့ဆောင် ရွက်ဖို့အတွက်အစိုးရက ချေးငွေအစီ အမံတွေကို စတင်မိတ်ဆက် ဆောင် ရွက်ခဲ့ပါတယ်။ စင်ကာပူအိမ်ခြံမြေ ဈေး ကွက်က တည်ငြိမ်စပြုနေတဲ့ အပြင် စင်ကာပူနိုင်ငံကို သို့မဟုတ် စင်ကာပူ ဘဏ် စနစ်ကို ခြိမ်းခြောက်မဲ့ ချေးငွေ ပူးပေါင်း ဖြစ်ပေါ်တဲ့ အခြေအနေမျိုး စင်ကာပူနိုင်ငံမှာ မရှိပါဘူးလို့ ဇန်န ဝါရီလ ၁၅ ရက်မှာ စင်ကာပူဗဟို ဘဏ်က ပြောပါတယ်။ စင်ကာပူငွေကြေးအာဏာပိုင်အ ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အရ ဇွန်လစည်းမျဉ်း ဥပဒေ မထုတ်ပြန်မီက အိမ်ဝယ်ယူသူ တွေအတွက် ချေးငွေကန့်သတ်ချက်မှ ကင်းလွတ်ခွင့်တွေကို တိုးချဲ့ပေးလိုက် ပါတယ်။ ဒါကြောင့် ဒီဝယ်လက်တွေကို အာမခံ ချေးငွေထုတ်ပေးဖို့ ပိုမိုလွယ်ကူ စေခဲ့ပါတယ်။ စင်ကာပူရဲ့ စတုတ္ထ သုံးလပတ် အိမ်ခြံမြေဈေးနှုန်းတွေက နှစ်နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတယ်။ နှစ်အလိုက်တိုးတက် မှုနှုန်းက ၂၀၀၈ ခုနှစ်နောက်ပိုင်း တိုး တက်မှုအနှေးဆုံးဖြစ်ခဲ့ပါတယ်။
 
 
ဉာဏ်တင်