Main menu

Background

မြန်မာ့ရွှေဈေးဆက်လက်ကျဆင်း

Wed, 02/18/2015 - 21:33 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းက ကျဆင်းလျက်ရှိသည့် မြန်မာ့ရွှေ ဈေးသည် ယခုတစ်ပတ်တွင် လည်း ဆက်လက်ကျဆင်းလျက်ရှိ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကျ ဆင်းလာမှုနှင့်အတူ လိုက်ပါကျဆင်းလာခြင်းဖြစ်သကဲ့သို့ တရုတ် နှစ်သစ်ကူးကာလသို့လည်း ရောက်ရှိလာသဖြင့် ဈေးများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ရွှေကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
            ''မြန်မာ့ရွှေဈေးက ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ကျနေတာ။ ဒီတစ်ပတ်မှာ လည်း ဆက်ပြီးကျနေတုန်းပဲ။ ကမ္ဘာ့ရွှေဈေးကျလာလို့ မြန်မာ့ ရွှေ ဈေးကျဆင်းလာရ သလို တရုတ်နှစ်သစ်ကူးကာလကလည်း နီးလာတဲ့အတွက် ပိတ်ရက်တွေဖြစ်လာ တော့ ဈေးကကျလာတယ်။ ဒါက ပုံမှန်ဖြစ် နေကျပဲ။ နှစ်တိုင်းလိုလိုတရုတ်နှစ်သစ် ကူးကာလကို ရောက်လာပြီဆိုရင် ဈေးကျတတ်တာထုံးစံလိုပဲ။ နှစ်သစ်ကူးပိတ်ရက် တွေကလည်းများတော့ ဈေးက           ဆက်ကျမယ်လို့ ထင်ပါတယ်'' ဟု ရွှေကုန်သည် တစ်ဦးက သုံးသပ်ပြခဲ့သည်။
ထို့ပြင် ဒေါ်လာအားကောင်းလာမှုကြောင့်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းလာ ရခြင်းဖြစ်ကြောင်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။ မြန်မာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၉ ရက်က ကျပ် ၆၈၉၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၃ရက်တွင် ကျပ် ၆၈၆၅၀၀ သို့ ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၉ ရက်က ၁၂၃၆ ဒေါ် လာရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်တွင် ၁၂၂၇ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။
မယ်သီတာ