Main menu

Background

တက်ပြီးတဲ့ဆန် ရောက်တဲ့နေရာရပ်နေပြီး ဆက်တက်ဖို့ ဟန်ပြင်နေတဲ့ မြန်မာ့ဆန်ဈေးကွက်

Wed, 06/17/2015 - 21:19 -- journal_editor

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးမှာ ဇွန်လ ၁၂ ရက်ဈေးနှုန်းများအရ ဖျာပုံပေါ် ဆန်း လတ်စ တစ်အိတ်ကို ၃၅၀၀၀ ကျပ်၊ ထိပ်စ ၃၇၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းလတ်စ ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၃၅၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေးဆက်တက်ခဲ့တာ တွေ့ရပါတယ်။
ထို့အတူဆန်ကြမ်းဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ်ကို ၁၉၅၀၀ ကျပ်၊ ထိပ်စ ၂၁၅၀၀ ကျပ်၊ နွေဆန်ရှယ် ၁၉၅၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်၊ ငစိန် လတ်စ ၁၇၈၀၀ ကျပ်၊ ထိပ်စ ၁၈၅၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အတွင်း ဆက်တက်လာတာ တွေ့ရပါ တယ်။ ယခုတစ်ပတ်အတွင်း ငွေလဲနှုန်းသိသာစွာတက်သွားလို့ ဆန်ရောင်းမည့်သူများက ဈေးဆွဲခေါ်ရောင်းကြရာမှ ဆန် ကြမ်း၊ ဆန်ချောနဲ့ ဆန်ကွဲဈေးတွေပါ လိုက်တက်သွားရတာ ဖြစ်ကြောင်း၊ ဝါးတန်းဒိုင်သို့ ဆန်ပုံမှန်ဝင်နေပြီး ယနေ့မှာတော့ ငွေဈေးပြန်အေးသွားလို့ ဆန်အရောင်းအဝယ်လည်း အနည်း ငယ်ပြန်အေးသွားတယ်လို့ ဝါးတန်းဒိုင်ဆန်ဈေးကွက်မှ ကြား သိရပါတယ်။
ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို  ၁၇၅၀၀ ကျပ်-၁၇၈၀၀ ကျပ်ခန့် ဈေးနှုန်းဖြစ်ပေါ်နေပြီး၊ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၇၀၀ ကျပ်ခန့်  ဈေးတက်ခဲ့ပြီး ဇွန် ၁၂ ရက်မှာတော့ အဝယ် အနည်းငယ်ပြန်ပါးသွားကြောင်း၊EMATA  MYANMAR 25 %  FOB (Yangon)  ဈေး315-340 USD / MT    ဟုဆိုသော်လည်း အချို့မှာ  330 USD/ MT ခန့်ထိ ဈေးပေးဝယ်နေကြကြောင်း၊ သို့သော်  ပြည်တွင်းဆန်ဈေးအခြေအနေအရ များများမရောင်း ရဲကြကြောင်း၊ ယခင်ဈေးဟောင်းနဲ့ ရောင်းထားပြီး သင်္ဘော တင်နေဆဲသူများမှာ ငွေဈေးတက်လို့ ဟန်မည်ပြင်သော်လည်း  လိုက် တက်လာသည့်ပြည်တွင်းဆန်ဈေးကြောင့် မလှုပ်သာ မလှည့်သာဖြစ်နေကြကြောင်း၊ တရုတ်- မူဆယ်လိုင်းသို့ ဆန် ကွဲ၊ ဆန်ကြမ်း၊ ကောက်ညှင်းတွေ သွားနေကြကြောင်း၊ ဆန် ဈေးကွက်မှ သိရပါတယ်။
တရုတ်လိုင်းဖြစ်တဲ့ မူဆယ်ဆန်ဈေးကွက်မှာ ဇွန်လ ၁၂ ရက်နေ့ဈေး ဧည့်မထ ၅ မှတ် မှော်ဘီ/ စူပါ တစ်အိတ်ကို ၁၄၀-၁၄၄ ယွမ်၊ နွေရှယ်   ၁၄၁-၁၄၃ ယွမ်၊ ဧည့် ၁၀ မှတ် မှော်ဘီ/စူပါ ၁၃၇-၁၃၉ ယွမ်၊ ဧည့်မထ ၁၅ မှတ် မနောသုခ ၁၃၃-၁၃၅ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ ၁၂၉-၁၃၀ ယွမ်၊ ဧည့်မထ ၃၅ မှတ် မနောသုခ ၁၂၄-၁၂၇ ယွမ်၊ ငစိန် ၁၅ မှတ် ၁၃၀-၁၃၄ ယွမ်၊  ငစိန် ၂၅ မှတ် ၁၂၇-၁၂၈ ယွမ်၊ ကောက်ညှင်း ၅ မှတ် ၁၇၂ ယွမ်၊ ၁၅ မှတ် ၁၆၂ ယွမ်၊ B 2,3,4  ၉၉-၁၀၂ ယွမ်၊B 1,2   ၁၀၃-၁၀၅ ယွမ်၊B  EXTRA ၁၀၆-၁၁၁ ယွမ်ဖြစ်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၈၆ ဒသမ ၉၁ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် ၂ ဒသမ ၉၁ ကျပ်ဈေးတက်ခဲ့ကြောင်း၊ မူဆယ်ကုန်စည်ဒိုင်သို့ နှစ်ဖက်ကုန်သည်များ လာရောက်ကြပြီး အရောင်းအဝယ် လည်းကောင်းနေကြောင်း၊ ယခုတစ်ပတ်အတွင်း မူဆယ်သို့ ပြည်တွင်းနယ်စုံမှ ဆန်တန် ၂၃၈၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ရန်ကုန်- မူဆယ် ဆန်တင်ခ တစ်တန်ကို ၉၂၀၀၀ ကျပ်ခန့်ရှိနေ ကြောင်း၊ မူဆယ်ဆန်ဈေးကွက် ရှေ့အလားအလာမှာ ဆက် ကောင်းနိုင်တယ်လို့ ကြားသိရပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန်လ ၅ ရက်နေ့ထိ တန်ချိန် ၃၅၇၄၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃  သန်းကျော်ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၅၂၀၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈ သန်းကျော်ဖိုး ပိုမိုတင်ပို့ထား နိုင်တာ တွေ့ရပါတယ်။ မြန်မာ့ဆန်ဈေးကွက် ရှေ့အလား အလာအနေဖြင့် တက်ပြီးတဲ့ ဆန်ရောက်တဲ့နေရာရပ်နေပြီး အချိန်တန်ရင် ဆက်တက်ဖို့  ဟန်ပြင်နေကြောင်း ဆန်ဈေး ကွက်သတင်းများအပေါ် သုံးသပ်တင်ပြလိုက်ပါတယ်။
သန်းအေး-ဆန်စပါး