Main menu

Background

ပြည်ကြက်သွန်နီဈေးကွက် ဈေးငြိမ်

Wed, 10/06/2010 - 08:00 -- Anonymous (not verified)

ပြည်ကြက်သွန်နီဈေးကွက် ဈေးငြိမ်      ပြည်ကြက်သွန်နီဈေးကွက်သို့ အောင်လံ၊ ပခုက္ကူ၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းမြို့များမှ တစ်ပတ်ကို အိတ် ၃ဝဝဝ ခန့် အဝင် ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှ ပြည်ဈးကွက်သို့ အဝင်မရှိပေမဲ့ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှမြို့ များသို့ ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် တစ်ပိုင်တစ်နိုင် တစ်ရက်ခြား အိတ် ၁၂ဝခန့်အဝင်ရှိနေပါတယ်။ လက်ပံတန်းဘက်မှ ကြက်သွန်ဝယ်လက်များ အနေဖြင့် သယ်ယူကုန်ကျစရိတ် သက်သာမှုရှိအောင် ပြည်ဈေးကွက်မှ တစ်ဆင့် ဝယ်ယူ ရောင်းချခြင်း မပြုတော့ဘဲ အမြတ်ပိုမိုရရှိရန်အတွက် နီးစပ်ရာဒေသမှ ဝယ်ယူ ရောင်းချနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်မှလည်း တစ်ပတ်ကို အိတ် ၈ဝဝ ခန့် ရန်ကုန်ကို တင်ပို့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာတော့ လက်လီ ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး ဒီတစ်ပတ်ကြက်သွန်နီအကြီး တစ်ပိ ဿာ ၅ဝဝ ကျပ်၊ အလတ် ၄ဝဝ ကျပ်၊ အသေး ၃ဝဝ ကျပ်၊ အညံ့စား ၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေကြောင်းလည်း သိရပါတယ်။