တရုတ်နိုင်ငံ ဂရိဘွန်းစာချုပ်တွေ ဝယ်ဖို့ကမ်းလှမ်း ဂရိနိုင်ငံရဲ့ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေက ယူရိုဇုန်ကို အကျပ်အတည်းဖြစ် အောင် တွန်းပို့နေတဲ့အတွက် ဂရိနိုင်ငံကို ထောက်ပံ့မှုပေးကြောင်း ပြသတဲ့ အနေနဲ့ ဂရိအစိုးရကထုတ်ဝေတဲ့ ဘွန်းစာချုပ်တွေဝယ်ယူဖို့ ဂရိနိုင်ငံသို့ နှစ်ရက် ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အစ အောက်တိုဘာ ၂ ရက်နေ့က တရုတ်နိုင်ငံ က ကမ်းလှမ်းခဲ့ပါတယ်။ ဂရိနိုင်ငံဟာ ဥရောပခရီးစဉ်ရဲ့ ပထမစခန်းချရာနိုင်ငံ ဖြစ်ပါတယ်။ လာမဲ့ငါးနှစ်အတွင်းမှာ တရုတ်နိုင်ငံက ဂရိနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို နှစ်ဆတိုးမြင့်မယ်လို့ ဝမ်က ဂရိဝန်ကြီးချုပ် ဂျော့ပါပန်ဒရီယိုနဲ့ ဆွေးနွေးစဉ် ကာလအတွင်း ပြောကြားခဲ့ပါတယ်။ အကျပ်အတည်းကို အောင်မြင်ကျော်လွှားနိုင်အောင် ယူရိုဇုန်နိုင်ငံတွေနဲ့ ဂရိနိုင်ငံကို ထောက်ပံ့နိုင်ဖို့အတွက် တရုတ်အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဝမ်က ပြောကြားပါတယ်။ ဂရိနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ တွေ့မြင်နေရရုံသာမက စီးပွား ရေးအတွက် အသည်းအသန်ရုန်းကန်နေရတဲ့ ဥရောပနိုင်ငံတွေကိုလည်း တရုတ် နိုင်ငံရဲ့ထောက်ပံ့မှုက တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒအပေါ်မှာ အပြည်ပြည် ဆိုင်ရာက ဝေဖန်မှုတွေနဲ့ ယွမ်တန်ဖိုးကို အကြီးအကျယ်တိုးမြှင့်ပေးဖို့ ငြင်း ဆန်နေတာတွေကို လွင့်ပါးသွားစေမှာ ဖြစ်ပါတယ်။ ဂရိပါလီမန်မှာပြောကြားရာ၌ တရုတ်နိုင်ငံရဲ့ ''ဈေးကွက်စီးပွားရေး အဆင့် အတန်းပြည့်ဝမှု''ကို အသိအမှတ်ပြုဖို့နဲ့ နည်းပညာ အဆင့်မြင့်ပို့ကုန်တွေ ကန့် သတ်ထားတာတွေလျှော့ချဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ပင်လယ်ရပ်ခြားကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးရာမှ အခက်အခဲ တွေကြုံနေပြီး ပြည်တွင်းကုမ္ပဏီတွေကတော့ မမျှတတဲ့ အကျိုးကျေးဇူးတွေ ခံစားနေရတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပြေပျောက်မှု ရှိအောင် ဝမ်က ပြောကြားခဲ့ပါတယ်။ှ Source :aljazeera.net, ဉာဏ်တင်
Background