အမေရိကန်ဆန်ထုတ်လုပ်မှု အစောပိုင်းခန့်မှန်းချက်ထက် လျော့ကျနိုင် ယခင်နှစ်ကကမ္ဘာမှာ စတုတ္ထမြောက် အများဆုံး ဆန်တင်ပို့ခဲ့တဲ့ အမေ ရိကန်နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုဟာ အစောပိုင်းက စံချိန်တင်ထွက်ရှိမယ့် ခန့်မှန်းချက်ထက် အနည်းဆုံး ၁ဝ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ အမေရိကန် ဆန်ထုတ်လုပ်သူများ အသင်းမှ ကြိုတင် ခန့်မှန်း ထားပြန်ပါတယ်။ အမေ ရိကန်နိုင်ငံရဲ့ အထွက်နှုန်းဟာ တစ်ဧက ကို ၆၆၈၇ ပေါင် (၃ဝ၃၃ ကီလို) ရှိနိုင်လို့ ယခင်လက ခန့်မှန်းချက်ထက် ပေါင် ၃၆ဝ လျော့ကျ တယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်က USDA မှ ပြောကြား ပါတယ်။ ယခင်နှစ်က ကမ္ဘာမှာ တတိယဆန်အများဆုံး တင်ပို့တဲ့ ပါကစ္စတန်က ဆန်အထွက်လျော့ကျခဲ့တဲ့ နောက် ထုတ်လုပ်မှု လျော့ကျလာတဲ့ အမေရိကန်ကလည်း ဆန်တင်သွင်းနိုင်ငံများကို အကန့်အသတ်နဲ့သာ ရောင်းချ နိုင်မယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေမှာပဲ FAO ကလည်း ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို စက်တင်ဘာလ ၁ ရက်နေ့မှာ ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းထားတာကတော့ မဲခေါင်မြစ်ရေလျော့ကျတာကြောင့် ထိုင်းနဲ့ ဗီယက်နမ်က အထွက်နှုန်း လျော့ကျသလို ပါကစ္စတန်ကလည်း ရေလွှမ်းမိုးမှုကြောင့် အထွက်လျော့ကျတယ်လို့ ဆိုပါတယ်။ လမင်း၊Sources: oryza .com
Background