Main menu

Background

ဈေးကောင်းရလာတဲ့ လဲချားပဲပုပ်

Tue, 10/19/2010 - 03:24 -- Anonymous (not verified)

ဈေးကောင်းရလာတဲ့ လဲချားပဲပုပ်       ဒီတစ်ပတ်တောင်ကြီး ဈေး ကွက်မှာ ပဲပုပ်ဈေးက ထိပ်စ၊ လတ်စ၊ ညံ့စဆိုပြီး ဝင်လာပါတယ်။ ပြည်တွင်း သုံးအဖြစ် ဝယ်ယူနေကြပြီး ဝယ်လို အားကလည်း ကောင်းနေပါတယ်။ ဆီ စက်လုပ်ငန်းရှင်တွေကလည်း ဆီကြိတ် ဖို့အတွက် မွေးမြူရေး လုပ်ငန်းရှင် များ က အစာစပ်ဖို့အတွက် ဝယ်ယူနေတာ ကြောင့် ဈေးကွက်မှာ အရောင်းသွက် နေတယ်လို့ သိရပါတယ်။ မနှစ်က လောက်မထွက်တာကြောင့် အောက်တိုဘာလ ကုန်လောက်ဆိုရင် ပစ္စည်းပြတ် သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နာမည်ကြီး လဲချားပဲပုပ်ကိုလည်း ရန်ကုန် က ဆီစက်လုပ်ငန်းရှင်တွေဆင်းပြီး ဝယ် တာကြောင့် ကုန်သလောက်ဖြစ်နေ ပါပြီ၊ လဲချားပဲပုပ်က လုံးသန့်တွေ သာ ထွက်တာကြောင့် ဈေးကွက်ကို ထိပ်စအဖြစ်ဝင်ပြီး ဈေးကောင်းရပါ တယ်။ ဒီနှစ်တောင်ကြီး ဒေသတစ်ဝိုက် အောင်ပန်း၊ ဟဲဟိုးဒေသ တစ်ဝိုက်က တော့ ပဲပုပ်ထိပ်စ အထွက်နည်းပြီး၊ လတ်စတွေသာ အထွက်များတယ်လို့ သိရပါတယ်။ လတ်စပဲပုပ်တွေကိုတော့ ပြည်တွင်းနဲ့ ဒေသတွင်းက ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူကြပြီး ဆီကြိတ်ဖို့ အသုံးပြုကြပါတယ်။ ပဲပုပ်ညံ့စတွေကို တော့ ဒေသတွင်း တိရစ္ဆာန်အစာစပ်ဖို့ အတွက် မွေးမြူရေးလုပ်ငန်းရှင်တွေက ဝယ်ယူကြပါတယ်။ ဒီတစ်ပတ် ပဲပုပ်ဈေး က ထိပ်စ တစ်ပိဿာ ၈၆၅ ကျပ်၊ လတ်စ ၇၈ဝ ကျပ်၊ ညံ့စ ၇ဝဝ ကျပ် ဈေးရှိပါတယ်။ ပဲပုပ်ဖတ်ကတော့  တစ် ပိဿာ ၉ဝဝ ကျပ်-၉၂ဝ ကျပ်ဈေးရှိပြီး ပဲပုပ်ဆီကတော့ တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက် တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ပဲပုပ်ပိဿာချိန် ၁ ဒသမ ၈ သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည် များထံက သိရှိရပါ တယ်။                                                                                                                               ဧဧခိုင်