ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က)ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် အမိန့် စာအမှတ် ၆၃/၂၀၂၀ ကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အမိန့်စာပါ ပထမအဆင့်ကို ဆောင်ရွက်ရန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက် နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များသည် အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO FILE –Online IP Filling System)နှင့် စပ်လျဉ်းသည့် အချက်အလက် များနှင့် Account လျှောက်ထားခွင့် တောင်းခံလွှာတို့ကို ၂၁.၉.၂၀၂၀ ရက်နေ့မှ စတင်၍ www.efilling.ipd.gov.mm တွင် Download ရယူပြီး အချက်အလက်များ ဖြည့်စွက်၍ WIPO FILE Account (Longin in Passward) ရယူနိုင်ရန်အတွက် admin@ipd.gov.mmသို့ ပြန်လည်ပေး ပို့ရမည်ဖြစ်ပါသည်။ ဒုတိယအဆင့် စတင်ဆောင်ရွက်နိုင်မည့် နေ့ရက်ကို ထပ်မံကြေညာသွားမည် ဖြစ်ပါသည်။ (စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဌာန၊ ၀၆၇-၃၄၃၀၅၇၁၊ ၀၆၇-၃၄၃၀၅၇၂)
Background