၁။ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင် ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာအမှတ် ၊ ၂၃/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင် (၁) စောင် လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ကုန်အထိ ကာလတိုးမြှင့် သတ်မှတ်လိုက်သည်။
(ပုံ)
ဒေါက်တာသန်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
စာအမှတ် ၊ -------------------------------------
ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလ ရက်
၂
ဖြန့်ဝေခြင်း
နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ပြည်ထောင်စုလွှတ်တော်ရုံး
ပြည်သူ့လွှတ်တော်ရုံး
အမျိုးသားလွှတ်တော်ရုံး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး
တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအားလုံး
အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ၊ ကုန်သွယ်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ၊ စားသုံးသူရေးရာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံပြန်တမ်းတွင်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ထည့်သွင်းကြေညာပေးပါရန်
ဥက္ကဌ ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(ညီနောင်အသင်းအဖွဲ့များထံ ထပ်မံဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။)
အမိန့်အရ
(မြင့်လွင်)
ညွှန်ကြားရေးမှူးချုပ်