ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မော်တော်ယာဉ်တင်သွင်း ခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ အရောင်းစင်တာ (၁၄၃) ခုနှင့် အရောင်းပြခန်း (၆၂) ခုတို့ကို ဖွင့်လှစ်ခွင့်ပြု ပြီးဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်း ခြင်းတွင် ထုတ်လုပ်ခုနှစ် (Model Year) သတ်မှတ်ချက်ကို ကော်မတီဝင်များ၏ သဘော ထားမှတ်ချက်များရယူပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြည်ပမော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ်သတ်မှတ်ချက်မှာ တစ်ဦးချင်းအစီအစဉ်ဖြင့်တင်သွင်းခြင်း ဖြစ်စေ၊ ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်ဖြင့် တင်သွင်းခြင်းဖြစ်စေ၊ လှူဒါန်းခြင်းဖြစ်စေ၊ လူစီး ယာဉ်တင်သွင်းခြင်းတွင် (၃) နှစ်အတွင်း ထုတ်လုပ်သည့်မော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ် တင်သွင်းခြင်းတွင် (၅) နှစ်အတွင်း ထုတ်လုပ်သည့်မော်တော်ယာဉ်များကို တင်သွင်းရန် သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးနှင့် Covid-19 ရောဂါဖြစ်ပွားနေသည့် အရေးအပေါ်ကာလအတွင်း ကုန်သွယ်မှု လုပ်ငန်းများအရှိန်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို Fully Online စနစ်ဖြင့် (၁-၁၀-၂၀၂၀) ရက်နေ့မှစတင်ပြီး ခွင့်ပြုပေး နိုင်ရေးစီစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့် အနေဖြင့် အရောင်းပြခန်းများ၏ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို Fully Online System ဖြင့် စတင် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို Online စနစ်ဖြင့် စမ်းသပ်ဆောင်ရွက် စဉ်ကာလအတွင်း ဝယ်ယူခွင့်ပါမစ်များကို Manual စနစ်ဖြင့် ခွင့်ပြုထားပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် အရောင်းစင်တာများမှ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများ၊ ဝယ်ယူခွင့်ပါမစ်များကို Fully Online စနစ်ဖြင့် လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်ဌာန များ၏ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ တွေ့ကြုံနေရသည့် အခက်အခဲများ ကိုလည်း အဆင်ပြေစွာဆောင်ရွက်ပေးခြင်းဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်ပတ်သက် သည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းအကြံပြု ဆွေးနွေးပေးရန်စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို အသီးသီးတင်ပြဆွေးနွေးရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
MOC IR