အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်သမားလူမှုဖူလုံရေးဦးစီးဌာန၊ အာဏာ ပိုင် မတ်ပဲ(Vigna mungo) တင်သွင်းမှု၏ အပင်ရောဂါဆိုင်ရာအမိန့် (၂၀၀၃) ချိုးဖောက်ခြင်းအပေါ် ဖြေလျှော့မှုအတည်ပြုခြင်းဆိုင်ရာ အချက်အလက်များ
- ကုန်ပစ္စည်းတင်သွင်းသူအားလုံးသည် အပင်ရောဂါဆိုင်ရာအမိန့်၏ ပြဋ္ဌာန်းချက်များ ကို အနာဂတ်တွင် ချိုးဖောက်လိမ့်မည်မဟုတ်သည့်အပြင် ဖြေလျှော့မှု အပိုဒ်ခွဲအရ ထပ်ဆောင်းအခကြေးငွေ(၄)ဆ ထပ်မံပေးဆောင်ပါမည့်အကြောင်း ကျမ်းကျိမ်လွှာ တစ်ခု တင်သွင်းရန် လိုအပ်ပါကြောင်း၊
- အပင်ရောဂါဆိုင်ရာအန္တရာယ်ကင်းရှင်းမှုသေချာစေရန် မီသိုင်းဘရိုမိုက်အသုံးပြု၍ (32gn√m³ /၂၄နာရီ) ပိုးသတ်မှိုင်းတိုက်ခြင်းနှင့် စစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်ပါ ကြောင်း၊
- ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နောက်ပိုင်း တင်သွင်းလာသည့် ပြောင်းလဲထား သော/ပြင်ဆင်ထားသော အပင်ရောဂါကင်းရှင်းကြောင်းလက်မှတ် (PSCs) များဖြင့် တင်ပို့သော ကုန်ပစ္စည်းများကို ပြည်နှင်ဒဏ်ပေးနိုင်ပြီး၊ ဖြေလျှော့မှုအပိုဒ် အောက် တွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါကြောင်း၊
- NPPO၊ မြန်မာသည် အိန္ဒိယမှ ၈-၅-၂၀၂၀ ရက်စွဲပါ အကြောင်းပြန်စာအရ တောင်းခံ ခဲ့သည့် အပင်ရောဂါဆိုင်ရာအမိန့် (၂၀၀၃) ချိုးဖောက်မှုကို လုံးဝ ဖယ်ရှားပေးနိုင် သည့် အခွင့်အလမ်းဖြစ်သော အပင်ရောဂါ ကင်းရှင်းကြောင်း လက်မှတ် တိုက်ဆိုင် စစ်ဆေးခြင်း မပြုနိုင်ခဲ့သည့်အတွက် အပင်ရောဂါ ကင်းရှင်းကြောင်းလက်မှတ်အား စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းကို ဆောင်ရွက်ခဲ့သင့်ပါကြောင်း၊
- အထက်ဖော်ပြပါ ဖြေလျှော့မှုသည် ကွန်တိန်နာ ၁၂၃ ခု ဖြင့် အပင်ရောဂါကင်းရှင်း ကြောင်းလက်မှတ် (PSCs) ၂၃ ခုနှင့်အတူ တင်သွင်းလားသည့် မတ်ပဲနှင့် ပတ်သက် သည့် အပင်ရောဂါဆိုင်ရာအမိန့်(၂၀၀၃) ချိုးဖောက်ခြင်းအပေါ် အိန္ဒိယ တင်သွင်းသူ များကို အကာအကွယ်ပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊