ဆက်တိုက်တင်ပို့နေတဲ့ မြန်မာပြောင်း အောက်တိုဘာ ၄ ရက်မှ ၁ဝ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၆၁၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၁၂ တန် တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တတစ်ပတ်မှာ ၃ဝ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ပြောင်းတင်ပို့မှုနည်းခဲ့ပြီး ယခု အောက်တိုဘာလမှာ ဆက်တိုက် တင်ပို့နေတာ တွေ့ရပါတယ်။ ဝယ်လက်နိုင်ငံများကတော့ မလေးရှားကို ၂၈၈ တန်၊ တရုတ်ကို ၉၆ တန်နဲ့ စင်ကာပူကို တန် ၂၃ဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
Background