ယခုအောက်တိုဘာလတတိယပတ်၌ ပြည်စျေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများပိဿာ ၃၀ ၀င်အိတ် ၁၅၀-၂၀၀ ခန့်ကို ရက်ခြားအ၀င်ရှိသော်လည်း အောင်လံ၊ သရက်ဘက်မှ ကြက်သွန်နီများမှာအိတ် ၃၀-၅၀ ခန့်သာ ၀င်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်မှာ စားသုံးသူများမှ COVID-19 ကာလအတွင်းလိုအပ်သလောက်ကိုသာ ၀ယ်ယူစားသုံးမှုကြောင့် ရောင်း၀ယ်မှုမှာအေးနေပြီး၀င်ရောက်မှုရဲ့ ငါးပုံတစ်ပုံခန့်သာ အရောင်းအ၀ယ်ဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေး တစ်ပိဿာ လျှင် (ကြီး/လတ်/သေး)ကျပ် ၁၁၀၀/၁၀၅၀-၁၀၀၀/၉၅၀-၉၀၀ နှုန်းတို့ရှိပြီးလက်လီစျေးအသေးများတွင်ကျပ် ၁၄၀၀-၁၃၀၀/၁၂၀၀/၁၁၀၀ စတဲ့နှုန်းများဖြင့် ရောင်း၀ယ်မှုရှိနေကြောင်းသိရပါသည်။
၀င်းလဲ့ဝါ (ပြည်)