Main menu

Background

မတ်ပဲဈေးအကျဘက်တွင်ဆက်လက်ရပ်တည်နေ

Thu, 11/05/2020 - 15:35 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလမှာကတည်းက ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ယခုသီတင်းပတ်တွင်လည်း ဈေးပြန်တက်မလာပဲ အကျဘက်တွင် ဆက်လက်ရပ်တည်နေသည်။ ယခင်သီတင်းပတ်ကာလ နောက်ဆုံးရက်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်သည်။ အောက်တိုဘာလ ၂၈ ရက်တွင် ကျပ် ၃၈၀၀၀ နှင့် ၂၉ ရက်တွင် ကျပ် ၃၈၂၀၀ သို့ တက်ရိပ်ပြခဲ့သော်လည်း နိုဝင်ဘာလ ၂ ရက်တွင် ကျပ် ၃၇၈၀၀၊ ၃ ရက်တွင် ကျပ် ၃၇၄၀၀ နှင့် ၄ ရက်တွင် ကျပ် ၃၇၁၀၀ သို့ပြန်လည်ကျဆင်းသွားသည်၊ ယခင် သီတင်းပတ် ကာလ ဈေးနှုန်းနှင့်မတိမ်းမယိမ်း အခြေအနေသို့ပြန်လည်ရောက်ရှိနေကြောင်းတွေ့ရပြီး  ဈေးနှုန်းအပြောင်းအလဲများစွာမရှိကြောင်းတွေ့ရ သည်။

စပါးရာသီကုန်ဆုံးပြီး ပဲစိုက်ရာသီရောက်လာပြီဖြစ်သော်လည်း ပုံမှန်ပဲစိုက်ဒေသ များတွင် မိုးနှောင်းကာလ မိုးများခြင်းကြောင့် စိုက်ပျိုးဧရိယာများ ရေမြုပ်ရေကြီးမှုများ ဖြစ်ပေါ် နေသဖြင့် ပဲစိုက်ပျိုးရန်နောက်ကျလျက်ရှိသည်။ပြည်တွင်း မတ်ပဲလက်ကျန်နည်းပါးလျက်ရှိပြီး မတ်ပဲတင်သွင်းသည့်နိုင်ငံများမှ ဝယ်လိုအားရှိလာနိုင်သော်လည်း လက်ရှိတွင် ပြည်ပနိုင်ငံများ ဘက်မှ အဝယ်ရပ်နေသဖြင့် ပြည်တွင်းမတ်ပဲ ဈေးငြိမ်နေကြောင်း သိရှိရသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန